
တိုက်စစ်မှူးအက်စ်ဆက်ရဲ့ ကြံ့ခိုင်မှု အခြေအနေအပေါ် အချိန်ယူတည်ဆောက်သွားရမှာဖြစ် ကြောင်း နည်းပြအာနဲစလော့က ဝန်ခံပြောသွားပါတယ်။
ဆွီဒင်တိုက်စစ်မှူးဟာ လီဗာပူးအတွက် ပွဲချိန်ပြည့် ကစားနိုင်ဖို့ ရုန်းကန်နေရသူဖြစ်ပြီး သွင်းဂိုးတဂိုးသာ ရရှိထားတဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိလာခဲ့တာပါ။
နည်းပြစလော့ကတော့ အသင်းတသင်းအနေနဲ့ တိုးတက်မှုရှိအောင်လုပ်ဆောင်ရတဲ့အပြင် ကစားသမား တယောက်ချင်းအရလည်း တိုးတက်မှု သေချာပေါက်ရှိလာဖို့ လုပ်ဆောင်ရမယ်လို့ ပြောပါတယ်။
အက်စ်ဆက်အနေနဲ့ အကောင်းဆုံး ကြံ့ခိုင်မှုပြန်ရဖို့အတွက် အချိန်အနည်းငယ်ယူရနိုင်ပြီး ကြံ့ခိုင်မှု ကောင်းကောင်း တည်ဆောက်နိုင်မှာသာ နယူးကာဆယ်အသင်းမှာပြသခဲ့တဲ့ စွမ်းဆောင်ရည် ရရှိလာမယ်လို့ နည်းပြစလော့က ပြောပါတယ်။
လီဗာပူးအသင်းမှာ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် အက်စ်ဆက်အပြင် ကွင်းလယ်တိုက်စစ်က စားသမား ဖလော်ရီယန်ဗက်ဇ်ဟာလည်း ပုံစံကောင်းရဖို့ ရုန်းကန်နေရပါတယ်။
Photo:Reuters


