
ဇန်နဝါရီ ၂၃ ရက် မနေ့ညက ထိုးသတ်ခဲ့တဲ့ One Championship မွေထိုင်း လက်ဝှေ့ပွဲမှာ သံမဏိလူသားလို့ နာမည်ရထားတဲ့ မာဂုဏ်မြင့်တဲ့ မြန်မာလက်ဝှေ့ကျော် စိုးလင်းဦးဟာ ပြိုင်ဘက် ထိုင်းလူငယ်ကစားသမား ဝိုရာပွန်ကို ပထမအချီမှာပဲ အလဲထိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
ပွဲအစမှာ နှစ်ဖက်စလုံး ချိန်ဆပြီး ခွာကစားနေရာကနေ ဝိုရာပွန်ရဲ့ ကန်ချက် ၃ ချက်မြောက်မှာ စိုးလင်းဦးရဲ့ နားအုံကို ထိသွားပြီး ပထမအချီ ၁ မိနစ်နဲ့ ၂၇ စက္ကန့်မှာ အလဲထိုးနဲ့ ရှုံးနိမ့်သွားရတာဖြစ်ပါတယ်။
ဒီပွဲဟာ one championship မှာ စိုးလင်းဦးရဲ့ ၄ ပွဲဆက် အရှုံးဖြစ်ပြီး ရှေ့ ၃ ပွဲကတော့ အမှတ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
မြန်မာကစားသမားတွေပါတဲ့ တခြားပွဲစဉ်တွေမှာတော့ ကျော်စွာဝင်းနဲ့ ဆလိုင်းထန်ခီးရှိန်တို့က ပြိုင်ဘက်တွေကို အလဲထိုးနဲ့ အနိုင်ရခဲ့ပြီး နေရိုင်းကတော့ အမှတ်နဲ့ရှုံးနိမ့်သွားပါတယ်။


