Home
နိုင်ငံတကာ
အမေရိကန်က ပွာတိုရီကို ကမ်းလွန်ပင်လယ်၌ ရေနံတင် သင်္ဘောများကို ဖမ်းဆီး
DVB
·
January 22, 2026
Photo :Reuters

အမေရိကန်က ဖမ်းဆီးခဲ့တဲ့ ဗရိုနီကာလို့ အရင်က လူသိများတဲ့ ဂယ်လီလီယိုနဲ့ အမ်ဆိုဖီယာ ရေနံတင်သင်္ဘောတွေကို ပွာတိုရီကိုကမ်းလွန်မှာ ဇန်နဝါရီ ၂၀ နဲ့ ၂၁ ရက်တွေမှာ ကျောက်ချထားတာကို တွေ့ရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့ရဲ့ လက်တင်အမေရိကဆိုင်ရာ နိုင်ငံခြားရေးမူဝါဒကို ဗင်နီဇွဲလားအပေါ် အာရုံစိုက်ခဲ့ပြီး သံတမန်ရေးဖြေရှင်းချက် မရနိုင်တဲ့နောက် ဇန်နဝါရီ ၃ ရက် ညမှာ ဗင်နီဇွဲလားကိုဝင်တိုက်ပြီး သမ္မတမာဒူရိုနဲ့ သူ့ဇနီးကို ဖမ်းဆီးခဲ့ပါတယ်။ 

အဲဒီအချိန်ကစပြီး ထရမ့်ပ်က ဗင်နီဇွဲလားရဲ့ ရေနံအရင်းအမြစ်တွေကို အကန့်အသတ်မရှိ ထိန်းချုပ်ဖို့ အမေရိကန်က စီစဉ်ထားတယ်လို့ ပြောခဲ့ပြီး နိုင်ငံရဲ့ ပျက်စီးယိုယွင်းနေတဲ့ ရေနံလုပ်ငန်းကို ဒေါ်လာ ၁၀၀ ဘီလီယံတန် အစီအစဉ်နဲ့ ပြန်တည်ဆောက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

အရင်က ကြားဖြတ်ဖမ်းဆီးခံခဲ့ရတဲ့ သင်္ဘောတွေဟာ အမေရိကန်ရဲ့ ဒဏ်ခတ်မှုအောက်မှာ အဓိက ပိတ်ဆို့ခံထားရတဲ့ အီရန်၊ ရုရှားနဲ့ ဗင်နီဇွဲလားက ရေနံတွေကို သယ်ယူပြောင်းရွှေ့ဖို့ မူလအစကို ဖုံးကွယ်ထားတဲ့ မှောင်ခို  သင်္ဘောအုပ်စုရဲ့ အစိတ်အပိုင်းတခု ဖြစ်ခဲ့ပါတယ်။

Source:Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013