Home
နိုင်ငံတကာ
WHO မှ နုတ်ထွက်ရန် အမေရိကန် ကြိုတင်အသိပေးမှု ၁ နှစ်ပြည့်
DVB
·
January 22, 2026
Photo: Reuters

အမေရိကန်နိုင်ငံဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ ဇန်နဝါရီ ၂၂ ရက် ဒီနေ့ တရားဝင် နုတ်ထွက်မှာ ဖြစ်ပါတယ်။ 

အဖွဲ့အစည်းရဲ့စည်းမျဉ်းအရ အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်မယ်လို့ အသိပေးပြီး နောက် ၁ နှစ်အကြာမှာ အကျုံးဝင်မှာဖြစ်ပါတယ်။ 

ဒါ့ကြောင့် WHO ကနေ အမေရိကန်ရဲ့ နုတ်ထွက်ဖို့ အသိပေးထားမှုဟာ ဇန်နဝါရီ ၂၂ ရက်မှာ ၁ နှစ်ပြည့်မှာဖြစ်ပါတယ်။ 

ဒီနုတ်ထွက်မှုဟာ ကမ္ဘာ့ကျန်းမာရေးနဲ့ အမေရိကန်ကျန်းမာရေး ကဏ္ဍ ၂ ခုစလုံး သတိပေးချက်တွေ နဲ့ ရင်ဆိုင်ရမှာဖြစ်သလို အမေရိကန်ဥပဒေအရ အမေရိကန်ဟာ ကုလကျန်းမာရေးအေဂျင်စီကို ဒေါ်လာ သန်း ၂၆၀ ကြွေးမြီပေးရမယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ သူ့ရဲ့ သမ္မတ ဒုတိယသက်တမ်း စတင်တဲ့ ပထမဆုံးနေ့မှာတင် WHO ကနေ ထွက်မယ်လို့ အသိပေးခဲ့တာဖြစ်ပါတယ်။ 

အမေရိကန်ရဲ့ ဥပဒေအရ အဖွဲ့အစည်းက ထွက်မယ်ဆိုရင် ၁ နှစ် ကြိုအသိပေးရမှာဖြစ်ပြီး ကြွေးတင်နေတဲ့ ငွေတွေအားလုံး ပေးချေရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေက အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့ တိုက်တွန်းခဲ့ပြီး အဲ့ဒီအထဲမှာ WHO အထွေထွေဒါရိုက်တာ ဂါဘရီယီးဆပ်လည်း ပါဝင်ပါတယ်။ 

ဂါဘရီယီးဆပ်က “အမေရိကန်က ဒီဆုံးဖြတ်ချက်ကို ပြန်စဉ်းစားပြီး WHO မှာ ပြန်ပါဝင်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ WHO ကနေ နုတ်ထွက်တာက အမေရိကန်အတွက်ရော ကမ္ဘာအတွက်ပါ ဆုံးရှုံးမှုတွေရှိလာမှာပါ” လို့ ဒီလအစောပိုင်းမှာ သတင်းထောက်တွေကို ပြောခဲ့ဖူးပါတယ်။ 

WHO ကတော့ အမေရိကန်နိုင်ငံဟာ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တို့အတွက် အကြွေးတင်နေတဲ့ ငွေကြေးတွေ မပေးရသေးဘူးလို့ ပြောထားပါတယ်။ 

WHO အဖွဲ့ဝင်နိုင်ငံတွေကတော့ အမေရိကန် ထွက်ခွာသွားမှုနဲ့ ပတ်သက်တာနဲ့ ဖေဖော်ဝါရီလမှာ WHO အမှုဆောင်ဘုတ်အဖွဲ့ကို ဘယ်လို ထိန်းကျောင်းမလဲဆိုတာ ဆွေးနွေးရမှာပါ။ 

WHO ကို ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ထွက်ခွာတာလား ဆိုတာနဲ့ ကြွေးမြီတွေ မပေးဘဲ အဖွဲ့ကနေ ထွက်မှာလား ဆိုတဲ့ မေးခွန်းကိုတော့ အမေရိကန်အစိုးအရဖွဲ့ကတော့ တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

မိုက်ခရိုဆော့သူဌေး ဘီဂိတ်က “အမေရိကန်ဟာ ဒီနှစ်ပိုင်းတွေမှာ WHO အဖွဲ့ထဲကို ပြန်ဝင်မယ်လို့ ကျနော်တော့ မထင်ပါဘူ။ ကမ္ဘာကြီးက WHO လို ကျန်းမာရေးအဖွဲ့ကို လိုအပ်ပါတယ်” လို့ ပြောထားပါတယ်။ 

WHO ကနေ အမေရိကန် နုတ်ထွက်တာဟာ ဥပဒေချိုးဖောက်တာဖြစ်တယ် ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ 

အမေရိကန်ဟာ ဘတ်ဂျက်အကျပ်အတည်း အကြောင်းပြမှုနဲ့ WHO ကနေ နုတ်ထွက်ခဲ့တာပါ။ အမေရိကန်နိုင်ငံဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို ထောက်ပံ့တဲ့ရာခိုင်နှုန်း ၁၈ ရာခိုင်နှုန်း ရှိပါတယ်။ 

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013