
အမေရိကန်နိုင်ငံ၊ မစ်ရှီဂန်ပြည်နယ်၊ အော့တဝါစီရင်စုရှိ ပြည်နယ်ချင်းဆက် အမြန်လမ်းမကြီးပေါ်မှာ မော်တော်ယာဉ် အစီးရေ ၁၀၀ ကျော် ပါဝင်တဲ့ အကြီးစား စုပြုံဆင့်ကဲ တိုက်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။
ဇီးလန်းမြို့နယ် အမြန်လမ်းမကြီး အမှတ် I‑196 မှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုအတွင်း လူအများအပြား ဒဏ်ရာရရှိခဲ့ကြကြောင်းလည်း ဒေသခံသတင်းတွေမှာ ဖော်ပြပါတယ်။
အာဏာပိုင်တွေဟာ ပျက်စီးနေတဲ့ မော်တော်ယာဉ်တွေကို ရှင်းလင်းဖို့ လုပ်ဆောင်နေချိန်မှာ အဝေးပြေးလမ်းမကြီးကို ၂ ဘက်စလုံးမှာ ပိတ်ထားတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။
မော်တော်ယာဉ်တွေ စုပြုံတိုက်မှုအတွင်း ကုန်တင်ကား ၃၀ မှ ၄၀ အထိ ပိတ်မိနေကြောင်း မစ်ရှီဂန်ပြည်နယ်ရဲတပ်ဖွဲ့ကလည်း သတင်းပို့ခဲ့ပါတယ်။
အဲဒီနေ့အစောပိုင်းမှာ အမျိုးသားမိုးလေဝသဌာနဟာ လမ်းမီးတွေမလာတာနဲ့ လေတိုက်ခတ်မှု ပိုမိုဆိုးရွားလာတာကြောင့် ခရီးသွားလာခြင်းကို ရှောင်ကြဉ်ကြဖို့ ဒေသခံတွေကို တိုက်တွန်းခဲ့ပါတယ်။
မျက်မြင်သက်သေတွေရဲ့ ဗီဒီယိုမှာ လမ်းမပေါ်မှာနဲ့ လမ်းဘေးတလျှောက်မှာလည်း ကားတွေနဲ့ ထရပ်ကားတွေဟာ အပြင်းအထန် ပျက်စီးနေခဲ့ပြီး တချို့မော်တော်ယာဉ်တွေ အတူတကွ ညပ်နေတာကို မြင်တွေ့ရပါတယ်။


