
စပိန်နိုင်ငံတောင်ပိုင်းမှာ ဇန်နဝါရီ ၁၈ ရက်ညပိုင်းက မြန်နှုန်းမြင့်ရထား ၂ စင်း တိုက်မိပြီး လူ ၂၁ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
ဒဏ်ရာရသူ စုစုပေါင်း ၇၃ ယောက်ရှိပြီး အဲဒီအထဲက ၃၀ ကျော်ကတော့ ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံတင်ထားရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ကော်ဒိုးဘားမြို့အနီး အဒါမုဇ်မြို့လေးနားမှာ မာလာဂါကနေ မက်ဒရစ်ကိုလာတဲ့ မြန်နှုန်းမြင့်ရထား လမ်းချော်ပြီး တဖက်ရထားလမ်းပေါ် ကျော်ကျခဲ့တာပါ။
အဲဒီအချိန် မက်ဒရစ်ကနေ ဟူအယ်လ်ဗာကို ခုတ်မောင်းလာနေတဲ့ ရထားနဲ့ ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
ရထား ၂ စင်းပေါ်မှာ ခရီးသည် စုစုပေါင်း ၄၀၀ ဝန်းကျင် လိုက်ပါလာပြီး ရထားတွေ ပိန်လိမ်ကောက်ကွေးကုန်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ခက်ခဲခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် မေလကမှ မွမ်းမံထားတဲ့ ရထားလမ်းအဖြောင့်ကြီးမှာ အခုလို လမ်းချော်တာဟာ လုံးဝထူးဆန်းနေတယ်လို့ ပို့ဆောင်ရေးဝန်ကြီး အော်စကာပွမ်တေးက ပြောပါတယ်။
Source: Reuters


