
ရုရှားနဲ့ မြန်မာ ၂ နိုင်ငံ သဘောတူညီချက်အရ အခုလာမဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်ကစပြီး ဗီဇာမလိုဘဲ အပြန်အလှန်သွားလာခွင့်ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။
ရုရှားနဲ့ မြန်မာနိုင်ငံသားတွေအတွက် ဗီဇာလိုအပ်ချက်တွေကို အပြန်အလှန် ဖျက်သိမ်းခြင်းဆိုင်ရာ သဘောတူညီချက်အရ ဗီဇာမလိုဘဲ သွားလာနိုင်တော့မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီသဘောတူညီချက်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၅ ရက်က ဘယ်လာရုစ်နိုင်ငံ၊ မစ်ဇ်မြို့မှာ ရုရှားတာဝန်ရှိသူတွေနဲ့ မြန်မာစစ်ကောင်စီတာဝန်ရှိသူတွေ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
ဗီဇာလိုအပ်ချက် ဖျက်သိမ်းမှု သဘောတူညီချက်အရ မြန်မာနိုင်ငံသားနဲ့ ရုရှားနိုင်ငံသားတွေဟာ ၂ နိုင်ငံဖြတ်သန်းနေထိုင်ဖို့ ဗီဇာမလိုဘဲ ရက် ၃၀ နေထိုင်ခွင့်ရမှာ ဖြစ်ပေမဲ့ ပညာသင်ကြားခွင့်၊ အမြဲတမ်းနေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်တွေတော့ ရရှိမှာဟုတ်ပါဘူး။ ပြက္ခဒိန်တနှစ်အတွင်း ရက်ပေါင်း ၉၀ သာ နေထိုင်ခွင့် ပြုထားပါတယ်။


