
ကမ္ဘာ့အပြင်းထန်ဆုံး အဝေးပြေးပြိုင်ပွဲတွေထဲက တခုဖြစ်ပြီး နှစ်စဉ် ကျင်းပနေကျ အိုင်မြူကွန် ဝင်ရိုးစွန်း အအေးဒဏ်လို့ နာမည်ပေးထားတဲ့ ဆောင်းရာသီ မာရသွန်ပြိုင်ပွဲကို စနေနေ့က ရုရှားနိုင်ငံ ယိကို့စ်စီယာဒေသမှာ ကျင်းပခဲ့ပါတယ်။
အနိမ့်ဆုံးအပူချိန် ရေခဲမှတ်အောက် အနုတ် ၄၁ ဒီဂရီစင်တီဂရိတ်ကို ခံနိုင်ရည်ရှိတဲ့ ဒါဇင်ပေါင်းများစွာသော အပြေးသမားတွေ စတင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ပြိုင်ပွဲဝင် အယောက် ၅၀ ဟာ ကမ္ဘာပေါ်မှာ အအေးဆုံးနေရာတွေထဲက တခုလို့ လူသိများတဲ့ အိုင်မြူကွန်ဒေသရဲ့ ရေခဲမှတ်ကို ရင်ဆိုင်ရင်း ကီလိုမီတာ၅၀ နဲ့ ၄၂ ဒသမ ၂ ကီလိုမီတာ ပြိုင်ပွဲတွေအတွက် မနက်စောစောမှာ တွမ်တာရွာကနေ ထွက်ခွာခဲ့ကြပါတယ်။
ပါဝင်သူတွေထဲမှာ အသက် ၅၀ အရွယ် ရုရှားအမျိုးသားဘောလုံးအသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း အလက်ဇီစမာတင်လည်း ပါပါတယ်။
သူဟာ ကီလိုမီတာ ၅၀ ပြေးလမ်းကို ၄ နာရီ ၄၅ မိနစ်နဲ့ အပြီးသတ်ခဲ့ပြီး သူ့ အသက်အပိုင်းအခြားအတွင်း အနိုင်ရခဲ့ပါတယ်။
ကီလိုမီတာ ၅၀ ultramarathon ပြိုင်ပွဲတရပ်လုံးမှာ အနိုင်ရသူက ယိကို့စ်စီယာဒေသမှာ မွေးတဲ့ အသက် ၄၂ နှစ်အရွယ် အပြေးသမားအလက်ဇန်းဒါး မိုအဲဒါဖြစ်ပြီး ပြေးချိန် ၃ နာရီ ၂၈ မိနစ်နဲ့ ပန်းဝင်ခဲ့ပါတယ်။


