
ဗြိတိန်သံအမတ်တယောက်ကို ရုရှားဖက်ဒရယ်လုံခြုံရေးဌာနက ဗြိတိသျှသူလျှိုအဖြစ် ဖော်ထုတ်ဖွင့်ချခဲ့ပြီးနောက်မှာ နှင်ထုတ်ခဲ့ကာ ယူကေရဲ့ ယာယီသံရုံးတာဝန်ခံကို ဆင့်ခေါ်ခဲ့တယ် လို့ ရုရှားအစိုးရက ဇန်နဝါရီလ ၁၅ ရက်မှာ ပြောပါတယ်။
ဆိုဗီယက်ခေတ် KGB ကို အဓိကဆက်ခံသူ FSB က ဗြိတိသျှသံအမတ်ကို နာမည်ဖော်ထုတ်ပြီး ဗြိတိန်ရဲ့သူလျှိုလုပ်ငန်းအတွက် လျှို့ဝှက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။
သံအမတ်ကို ရုရှားမှ ထွက်ခွာဖို့ ၂ ပတ်အချိန်ပေးထားပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ အဲဒီအခြေအနေကို ကန့်ကွက်ဖို့ ရုရှားရှိ ဗြိတိန်တာဝန်ခံကို ဆင့်ခေါ်ခဲ့ပါတယ်။
မော်စကိုဟာ ရုရှားနိုင်ငံတွင်း ဗြိတိသျှ ထောက်လှမ်းရေးအရာရှိတွေရဲ့ လူသိမခံဘဲ လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုတွေကို သည်းခံနေမှာ မဟုတ်ကြောင်း ထပ်မံအလေးပေးပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
ဗြိတိန်အစိုးရက အခြေအနေကို ပိုမိုတင်းမာလာအောင် လုပ်ဆောင်လာမယ်ဆိုရင် ရုရှားဘက်မှလည်း ပြတ်ပြတ်သားသားနဲ့ “မှန်” လို အလားတူတုံ့ပြန်မှု လုပ်ဆောင်မှာဖြစ်ကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့တယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။
Source: Reuters


