Home
နိုင်ငံတကာ
နိုဘယ်လ်ဆုကို လွတ်လပ်သည့်ကော်မတီက ဆုံးဖြတ်ပေးခြင်းဖြစ်ဟု နော်ဝေဝန်ကြီးချုပ်က ထရမ့်ပ်ကို ပြော 
DVB
·
January 20, 2026
Photo: Reuters

ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်တဲ့ နော်ဝေနိုဘယ်ကော်မတီဟာ လွတ်လပ်တဲ့ အဖွဲ့အစည်းတခု ဖြစ်ပြီး နော်ဝေအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိဘူးဆိုတာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို အကြိမ်ကြိမ် အသိပေးခဲ့တယ်လို့ နော်ဝေဝန်ကြီးချုပ် ယိုးနပ်စ်ဂါးစတိုယယ်က ဇန်နဝါရီ ၁၉ ရက်မှာ ပြောပါတယ်။ 

ဂရင်းလန်းကျွန်းကို ထိန်းချုပ်ဖို့ အမေရိကန်နိုင်ငံကို ခွင့်မပြုတဲ့အတွက် ဥရောပမဟာမိတ်တွေအပေါ် အခွန်ကောက်ဖို့ ထရမ့်ပ်က ဆုံးဖြတ်ခဲ့တာပါ။

ထရမ့်ပ်ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီးတဲ့နောက် စတိုယယ်နဲ့ ဖင်လန်သမ္မတ အလက်ဇန်းဒါး စတာ့ဘ်ဆီ ထရမ့်ပ်က စာတစောင် ပေးပို့အပြီးမှာ နော်ဝေဝန်ကြီးချုပ်ရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့ရတဲ့ စာထဲမှာ ထရမ့်ပ်က ငြိမ်းချမ်းရေးနိုဘယ်ဆုကို မရတဲ့အတွက် စိတ်ပျက်အားငယ်မှုကို ဖော်ပြခဲ့ပါတယ်။

စစ်ပွဲ ၈ ပွဲနဲ့အထက်ကို ရပ်တန့်စေခဲ့တဲ့အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို မပေးဖို့ နော်ဝေနိုင်ငံက ဆုံးဖြတ်ခဲ့တာကို ထည့်စဉ်းစားရင် ငြိမ်းချမ်းရေးအကြောင်းသာ စဉ်းစားဖို့ တာဝန်မရှိတော့ပေမဲ့ အမြဲတမ်း အဓိကကျနေမှာပါ။

ဒါပေမဲ့ အခု အမေရိကန်ပြည်ထောင်စုအတွက် ကောင်းမွန်ပြီး သင့်လျော်တဲ့အရာကို စဉ်းစားနိုင်ပါပြီလို့ ရေးထားပါတယ်။ ထရမ့်ပ်ဟာ ဂရင်းလန်းကို ထိန်းချုပ်ဖို့ တောင်းဆိုမှုကိုလည်း ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

ဒိန်းမတ်နိုင်ငံဟာ ရုရှား ဒါမှမဟုတ် တရုတ်ဆီကနေ ဂရင်းလန်းကို ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့ ငြင်းခုံရင်း ကျွန်းအပေါ်  ဒိန်းမတ်ရဲ့ အချုပ်အခြာအာဏာကို မေးခွန်းထုတ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ပြီးခဲ့တဲ့နှစ်က ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာကိုရီနာ မာချာဒိုကို ချီးမြှင့်ခဲ့ပြီးနောက်ပိုင်း အိမ်ဖြူတော်မှာ တွေ့ဆုံချိန်မှာ သူ့ရဲ့ဆုတံဆိပ်ကို ထရမ့်ပ်ဆီ ပေးအပ်ခဲ့ပါတယ်။

ဒါပေမဲ့ နော်ဝေနိုဘယ်ကော်မတီက ဆုကို လွှဲပြောင်းခြင်း၊ မျှဝေခြင်း၊ ရုပ်သိမ်းခြင်း မပြုနိုင်ဘူးလို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013