
ရန်ကုန်၊ ယုဇနပလာဇာနားမှာ ဇန်နဝါရီ ၁၉ ရက် ဒီမနက်က မီးလောင်လို့ Level 2 အဆင့် မီးသတ်ယာဉ်တွေနဲ့ ငြှိမ်းသတ်ခဲ့ရပြီး ၁ နာရီကျော်ကြာ လောင်ကျွမ်းခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ မီးများတာကြောင့် ၁၀ နာရီ ၃၉ မိနစ်မှာ ထိစပ်မြို့နယ်တွေက မီးသတ်ကားတွေပါ လာရတဲ့ Level 1 ယာဉ်အုပ်စုတွေထွက်ခွာခဲ့ရပြီး ၁၁ နာရီ ၄ မိနစ်အချိန်မှာတော့ နောက်ထပ် မီးသတ်နဲ့ရေသယ်ကားတွေလာရတဲ့ Level 2 အဆင့်ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရပါတယ်။
နီးစပ်ရာ လူမှုကူညီရေးအသင်းအဖွဲ့တွေလည်း လာရောက် ငြှိမ်းသတ်ကူညီကြတာကို တွေ့ရပြီး ၁၁ နာရီ ၄၂ မိနစ်အချိန်မှာတော့ မီးငြိမ်းတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
နေ့လယ် ၁၂ နာရီကျော်အထိ မီးကြွင်းမီးကျန်တွေကို ဆက်လက်ငြှိမ်းသတ်နေတာကို တွေ့ရပြီး ဘယ်လောက် ပျက်စီးသွားတယ်ဆိုတာတော့ မသိရသေးပါဘူး။
Photo : MSFD


