
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး ပြည်သူ ၃ ယောက် သေဆုံးခဲ့တယ်လို့ Wetlet Information Network ဆီကနေ သိရပါတယ်။
ဇန်နဝါရီ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်မှာ စဉ့်ကူးမြိုနယ် အနောက်တောင်ခြမ်းကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ မတ္တရာမြို့နယ် အနောက်ခြမ်း ဇရပ်ဖြူကျောင်းက စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီက ပစ်ခတ်တဲ့ လက်နက်ကြီး ၁၅ ချက်ထပ်မနည်း ဝက်လက်မြို့နယ် အရှေ့ခြမ်း ရေလည်မော်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၀အရွယ် ဦးဝင်းကျော် နဲ့ မခင်ယု၊ အသက် ၃၀ ကျော်အရွယ် မအေးချော တို့ လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း ရေဂမိုးရွာထဲကိုလည်း စစ်ကောင်စီစစ်ကြောင်း ရောက်ရှိနေတာကြောင့် အနီးဝန်းကျင်က ကျေးရွာက ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။


