
စပါးအသင်းဆီပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်က လွယ်ကူခဲ့ကြောင်း ချဲလ်ဆီးကွင်းလယ်လူဟောင်း ကော်နာဂယ်လဂါက ပြောပါတယ်။
အသက် ၂၅ နှစ်ရှိ အင်္ဂလန်ကွင်းလယ်လူကို ဗီလာအသင်းကလည်း ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမဲ့ အသင်းဟောင်းချဲလ်ဆီးရဲ့ ဒါဘီပြိုင်ဘက် စပါးအသင်းကို ရွေးချယ်ခဲ့တာပါ။
စပါးအသင်းဆီပြောင်းရွှေ့လာတဲ့အပေါ် စိတ်လှုပ်ရှားမိပြီး အံ့အားသင့်စရာအသင်းမှာ ကစားသမားဘဝရဲ့ နောက်ထပ်ခြေလှမ်းတခု စတင်တော့မှာဖြစ်ကြောင်း၊ စပါးအသင်းကစား သမားဖြစ်လာဖို့ ဆန္ဒရှိသလို အသင်းဘက်ကဆန္ဒနဲ့လည်း ထပ်တူကျခဲ့ပြီး စပါးအသင်း ဆီပြောင်းရွှေ့ဖို့က လွယ်ကူခဲ့ကြောင်း ဂယ်လဂါကပြောပါတယ်။
ချဲလ်ဆီးအကယ်ဒမီထွက်ကစားသမားဖြစ်သလို အသင်းခေါင်းဆောင်လည်းဖြစ်ခဲ့သူ ဂယ်လဂါကို ချဲလ်ဆီးပရိသတ်တွေက ကြီးမားတဲ့အလံတွေနဲ့ ဂုဏ်ပြု ခဲ့ဖူးပေမဲ့ မြို့ခံပြိင်ဘက် စပါးအသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
Photo: Reuters


