ကွင်းလယ်လူ ဂယ်လဂါကို ပေါင် ၃၄ သန်းကျော်ဖြင့် ခေါ်ယူရန် စပါးအသင်း သဘောတူ
DVB
·
January 13, 2026

စပါးအသင်းဟာ အက်သလက်တီကို မက်ဒရစ်ကွင်းလယ်လူ ဂယ်လဂါကို ပေါင် ၃၄ ဒသမ ၇ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပါတယ်။
အင်္ဂလန်ကွင်းလယ်လူကို ဗီလာအသင်းကလည်း ခေါ်ယူလိုခဲ့ပေမဲ့ စပါးအသင်းက တီကို တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးပေးပြီး လက်ဦးမှု ရယူနိုင်ခဲ့တာပါ။
အသက် ၂၅ နှစ်ရှိ ချဲလ်ဆီးကစားသမားဟောင်းဟာ တီကိုအတွက် ၇၇ ပွဲကစားခဲ့ပြီး ၇ ဂိုးသွင်း ယူပေးခဲ့ပါတယ်။
စပါးအသင်းဟာ အဓိက ကွင်းလယ်လူ ဘင်တန်ကာ အပါအဝင် လူငယ်ကြယ်ပွင့် ဘာ့ချ်ဘောဟာလည်း ဒဏ်ရာကြောင့် အနားယူနေရတာကြောင့် ဂယ်လဂါကို အရေးပေါ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။


