
ကမ္ဘာကျော် Kpop အဖွဲ့ BTS ဟာ ၄ နှစ်တာ အနုပညာလှုပ်ရှားမှုတွေ ရပ်နားထားပြီး နောက်မှာတော့ ဖျော်ဖြေပွဲပေါင်း ၇၉ ပွဲ ပါဝင်မဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲကြီးကို ကျင်းပမယ်လို့ ကြေညာလိုက်ပါတယ်။
ဒီဖျော်ဖြေပွဲခရီးစဉ်ကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၉ ရက်နေ့ တောင်ကိုရီးယားနိုင်ငံ၊ ဂိုယန် အားကစားကွင်းမှာ စတင်မှာဖြစ်ပြီး ၂၀၂၇ ခုနှစ်အထိ အာရှ၊ ဥရောပနဲ့ အမေရိကတိုက်တွေဆီ သွားရောက် ဖျော်ဖြေကြမှာပါ။
ဒီကမ္ဘာလှည့်ဖျော်ဖြေပွဲတွေကနေ BTS အဖွဲ့နဲ့ သူတို့ရဲ့ကုမ္ပဏီ BigHit / Hybe တို့ဟာ ဒေါ်လာ ၁ ဘီလီယံကျော် ဝင်ငွေရရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ကမ္ဘာလှည့်ဖျော်ဖြေပွဲမတိုင်ခင် သူတို့ရဲ့ တေးအယ်လ်ဘမ်အသစ်ကိုလည်း လာမဲ့ မတ် ၂၀ ရက်မှာ ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။
လက်မှတ်တွေကိုတော့ BTS Army အဖွဲ့ဝင်တွေလို့ ခေါ်တဲ့ တရားဝင် Fan Club အဖွဲ့ဝင်တွေ အတွက် ဇန်နဝါရီ ၂၂ ရက်နဲ့ အများပြည်သူအတွက် ဇန်နဝါရီ ၂၄ ရက်တွေမှာ စတင်ရောင်းချပေးသွားမှာပါ။
ဒါဟာ အဖွဲ့ဝင် ၇ ယောက်စလုံး စစ်မှုထမ်းတာဝန်တွေ ပြီးဆုံးပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်ဆုံစည်းကြတာလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာတော့ ဒီဇင်ဘာ ၃ ရက်၊ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ လာရောက်ဖျော်ဖြေဖို့ရှိတယ်လို့ သိရပါတယ်။


