Home
နိုင်ငံတကာ
APEC CEO ထိပ်သီးဆွေးနွေးပွဲ၌ BTS ခေါင်းဆောင် မိန့်ခွန်းပြောမည်
DVB
·
October 29, 2025
Photo :Reuters

တောင်ကိုရီးယား တေးဂီတအဖွဲ့ BTS ရဲ့ အဖွဲ့ခေါင်းဆောင် RM ဟာ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ထိပ်သီးဆွေးနွေးပွဲရဲ့ ဆက်စပ်ဆွေးနွေးပွဲဖြစ်တဲ့ APEC CEO ထိပ်သီးဆွေးနွေးပွဲမှာ အဓိက မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

ဒီ CEO ထိပ်သီးဆွေးပွဲမှာ အမေရိကန်သမ္မတ ဒေါနယ်ထရမ့်ပ်လည်း မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

ဂယောင်ဂျူးမြို့မှာ ကျင်းပနေတဲ့ ဒီဆွေးနွေးပွဲရဲ့ ဒုတိယနေ့၊ အောက်တိုဘာ ၂၉ ရက်၊ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၅ မိနစ်မှာ RM က မိန့်ခွန်းပြောကြားမှာပါ။

သူဆွေးနွေးမယ့် ခေါင်းစဉ်ကတော့ ‘APEC ဒေသတွင်း ယဉ်ကျေးမှုဆိုင်ရာ ဖန်တီးမှု စက်မှုလုပ်ငန်းများနဲ့ ကေယဉ်ကျေးမှုရဲ့ Soft Power’ ဖြစ်ပါတယ်။

RM ဟာ ဒီ CEO ထိပ်သီးဆွေးနွေးပွဲမှာ မိန့်ခွန်းပြောကြားခွင့်ရတဲ့ ပထမဆုံး ကေပေါ့ပ် အနုပညာရှင်လည်း ဖြစ်လာပါတယ်။

ဒီမိန့်ခွန်းက ကေပေါ့ပ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှုနဲ့ ကေယဉ်ကျေးမှုရဲ့ ရပ်တည်ချက်ကို မီးမောင်းထိုးပြနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

RM ဟာ ၂၀၁၈၊ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေတုန်းကလည်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကမ္ဘာလုံးဆိုင်ရာ လူငယ်သံတမန်အဖြစ် မိန့်ခွန်းပြောကြားခဲ့ဖူးပါတယ်။

APEC CEO ထိပ်သီးဆွေးနွေးပွဲဟာ အဖွဲ့ဝင် ၂၁ နိုင်ငံက နိုင်ငံ့ခေါင်းဆောင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဆန်းသစ်တဲ့ စီးပွားရေးလမ်းကြောင်းသစ်တွေကို ဆွေးနွေးကြတဲ့ စီးပွားရေးဖိုရမ်တခု ဖြစ်ပါတယ်။

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013