နာမည်ကျော် ကေပေါ့ပ်အဖွဲ့ BTS အဖွဲ့ဝင် J-Hope ဟာ အောက်တိုဘာ ၁၇ ရက်မှာ ၁၈ လတာ စစ်မှုထမ်းတာဝန် ပြီးဆုံးခဲ့ပါတယ်။
စစ်ယူနီဖောင်းနဲ့ ဘယ်ရီကတ်ဦးထုပ် ဆောင်းထားတဲ့ J-Hope ကို အဖွဲ့ဝင်တယောက်ဖြစ်တဲ့ Jin၊ မီဒီယာတွေနဲ့အတူ ပရိသတ် ၁၀၀ လောက်က စစ်စခန်းဝမှာ စောင့်ကြိုခဲ့ကြပါတယ်။
တာဝန်ပြီးဆုံးလို့ ဂမ်ဝန်းပြည်နယ်၊ ဝန်ဂျူးမှာရှိတဲ့ စစ်စခန်းကနေ ထွက်ခွာခွင့်ရပြီဆိုတဲ့ သတင်းရထားတဲ့ ပရိသတ်တွေက ကြိုတင်စောင့်ဆိုင်းနေခဲ့ကြတာ ဖြစ်ပါတယ်။
အသက် ၃၀ အရွယ် J-Hope ဟာ BTS အဖွဲ့ဝင် ၇ ယောက်ထဲမှာ စစ်မှုထမ်းရတဲ့ ဒုတိယမြောက် အဖွဲ့ဝင်ဖြစ်ပြီး အသက်အကြီးဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Jin ကတော့ ဇွန်လမှာ စစ်မှုထမ်းသက်တမ်း ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။
Source-Reuters