Home
နိုင်ငံတကာ
ဗင်နီဇွဲလား နိုဘယ်လ်ဆုရှင် မာချာဒိုနှင့် ထရမ့်ပ် အိမ်ဖြူတော်တွင် တွေ့မည်
DVB
·
January 13, 2026
Photo: REUTERS/Leonhard Foeger

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မာရီယာ ကော်ရီနာ မာချာဒိုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ အိမ်ဖြူတော်မှာ  ဇန်နဝါရီ ၁၅ ရက်နေ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုကို အမေရိကန်တပ်ဖွဲ့တွေ ဖမ်းဆီးအပြီး ရက်သတ္တပတ် အနည်းငယ်အကြာမှာ အခုလို တွေ့ဆုံဖို့ စီစဉ်တာ ဖြစ်ပါတယ်။

ဒါပေမဲ့ သမ္မတထရမ့်ပ် ကတော့ မာချာဒိုကို ထောက်ခံဖို့ ငြင်းဆန်ထားပြီး ယာယီသမ္မတအဖြစ် တာဝန်ယူထားတဲ့ မာဒူရိုရဲ့ ဒုသမ္မတဟောင်း ဒယ်လ်စီ ရိုဒရီဂွက်ဇ်နဲ့သာ တရားဝင် ဆက်ဆံနေတာပါ။

ရိုဒရီဂွက်ဇ်နဲ့ သူ့အစိုးရအဖွဲ့ဟာ အမေရိကန်နဲ့ အင်မတန် ပူးပေါင်းဆောင်ရွက်တယ်လို့ အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ကာရိုလိုင်း လဲဗစ်က ပြောပါတယ်။

မာချာဒိုကတော့ မာဒူရိုကို အရေးယူခဲ့တဲ့အတွက် သမ္မတထရမ့်ပ်ကို ကိုယ်တိုင် ကျေးဇူးတင်စကား ဆိုဖို့နဲ့ သူ့ရဲ့ နိုဘယ်လ်ဆုကို လွှဲပြောင်းပေးဖို့ ဆန္ဒရှိနေပါတယ်။

နိုဘယ်လ်ကော်မတီကတော့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို လွှဲပြောင်းပေးလို့ မရဘူးလို့ ရှင်းလင်းထားပါတယ်။

မာချာဒိုကတော့ ယာယီသမ္မတ ရိုဒရီဂွက်ဇ်ဟာ အပြစ်မဲ့ပြည်သူတွေကို ဖိနှိပ်သူဖြစ်တာကြောင့် ဘယ်သူကမှ မယုံကြည်ကြဘူးလို့ ဝေဖန်ထားပါတယ်။

ရိုဒရီဂွက်ဇ်ကတော့ ဗင်နီဇွဲလားကို ပြည်ပက အုပ်ချုပ်နေတာမဟုတ်ဘဲ သူတို့အစိုးရကသာ အုပ်ချုပ်နေတာလို့ ပြန်လည်တုံ့ပြန်ထားပါတယ်။

သမ္မတထရမ့်ပ်ကတော့ မာချာဒိုဟာ အင်မတန်တော်တဲ့ အမျိုးသမီး ဖြစ်ပေမဲ့ နိုင်ငံတွင်းမှာ လေးစားမှု မရရှိထားသူလို့ မှတ်ချက်ပေးထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013