
ပြီးခဲ့တဲ့ ၂၀၂၅ ခု ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ တနှစ်တာအတွင်းမှာ စစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် ပြည်သူပေါင်း ၉၇၉၉ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန (MOHR) ရဲ့ ဇန်နဝါရီ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၄၉၄ မှုမှာ လူပေါင်း ၅,၁၁၆ ယောက် အသက်ဆုံးရှုံးခဲ့ရပြီး၊ အဓမ္မစစ်သားစုဆောင်းမှု ၁,၇၆၃ မှုမှာလည်း လူပေါင်း ၃၁,၇၂၉ ယောက် အတင်းအဓမ္မ စုဆောင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းမှာ အဆိုးရွားဆုံးဖြစ်ပွားခဲ့တဲ့ တရားလက်လွတ်သတ်ဖြတ်ခံရမှု ၅,၃၅၁ မှုအပါအဝင် စုစုပေါင်း လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၂၃,၂၇၇ မှု ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်အာဏာသိမ်းချိန်ကစလို့ လက်ရှိအချိန်ထိ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်တိုးမြင့်နေဆဲဖြစ်တယ်လို့ ဒီကိန်းဂဏန်းတွေက သက်သေပြနေတာပါ။
ကေခိုင်


