
၈၃ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ မင်းသား တင်မိုသီရှာလမေးက ဂီတ/ဇာတ်မြူး အမျိုးသားဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။
ဇန်နဝါရီ ၁၁ ရက်က ကျင်းပတဲ့ ဒီပွဲမှာ ရှာလမေးဟာ Marty Supreme ဇာတ်ကားနဲ့ လီယိုနာဒို ဒီကာပရီယို၊ ဂျော့ချ်ကလူနီ အပါအဝင် ဝါရင့်မင်းသားတွေကို ဖြတ်ကျော်ပြီး ဒီဆုကို ရခဲ့တာပါ။
ဒီကာပရီယိုဟာ ဒီဆုနဲ့ လွဲချော်ခဲ့ပေမဲ့ သူပါဝင်ထားတဲ့ One Battle After Another ရုပ်ရှင်ကတော့ အကောင်းဆုံး ဂီတ/ဇာတ်မြူးရုပ်ရှင်ဆု အပါအဝင် ဆု ၄ ဆုနဲ့ အအောင်မြင်ဆုံး ဖြစ်ခဲ့ပါတယ်။
ဘရာဇီး နိုင်ငံရေး သည်းထိတ်ရင်ဖိုဇာတ်ကား The Secret Agent က အကောင်းဆုံး နိုင်ငံတကာရုပ်ရှင်ဆု ရရှိခဲ့ပြီး မင်းသား ဗက်ဂနာမိုရာက ဒရာမာ အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။
Hamnet ဇာတ်ကားနဲ့ ဒရာမာ အမျိုးသမီးဇာတ်ဆောင်ဆုကို ဂျက်ဆီဘက်ကလေက ရရှိခဲ့သလို ဒီဇာတ်ကားက ဒရာမာရုပ်ရှင်ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
KPop Demon Hunters ဇာတ်ကားကတော့ အန်နီမေးရှင်းရုပ်ရှင်ဆုနဲ့ Golden သီချင်းနဲ့ ဇာတ်ဝင်တေးဆုတို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အမျိုးသမီးဇာတ်ပို့ဆုရှင် တီယာနာတေလာက “တို့တွေရဲ့ အလင်းရောင် လင်းလက်ဖို့ ဘယ်သူ့ခွင့်ပြုချက်မှ မလိုပါဘူး” လို့ ပြောကြားပြီး “အသားညိုတဲ့ ညီအမတွေနဲ့ မိန်းကလေးငယ်တွေ” အတွက် အားပေးစကား ပြောကြားခဲ့ပါတယ်။
တီဗီဇာတ်လမ်းတွဲဆုတွေမှာတော့ Adolescence ဇာတ်လမ်းတွဲက အိုဝင်ကူးပါးနဲ့ ဗြိတိန်သရုပ်ဆောင်တွေက ဆုအသီးသီး ရရှိခဲ့ကြပါတယ်။


