
သမိုင်းဝင် ဒရာမာဇာတ်လမ်းတွဲ ရှိုးဂန်းမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဂျပန်သရုပ်ဆောင်တွေ ဖြစ်တဲ့ ဟိရိုယုခိဆာနဒါ၊ တဒါနိုဘု အာဆာနိုနဲ့ အန်းနဆာဝါအိတို့ ရွှေကမ္ဘာလုံးရုပ်ရှင်ထူးချွန်ဆု ရခဲ့လို့ အလွန်အမင်း ပျော်တယ်လို့ တိုကျိုမြို့ခံတွေက ပြောပါတယ်။
အမေရိကန်ကထုတ်လုပ်တဲ့ ဇာတ်လမ်းတွဲတွေက ရုပ်သံဇာတ်လမ်းတွဲကဏ္ဍမှာ စုစုပေါင်း ဆု ၄ ဆု ဆွတ်ခူးခဲ့တာပါ။
ဆာနဒါအတွက် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်၊ အာဆာနိုအတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ဆာဝါအိအတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်နဲ့ အကောင်းဆုံး ရုပ်သံဇာတ်လမ်းတွဲ ဒရာမာတွေ အပါအဝင် ရုပ်သံစီးရီး ဒရာမာ အမျိုးအစားမှာ စုစုပေါင်း ဆု ၄ ဆု ရရှိခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် IT ကျွမ်းကျင်သူ ရေအိုခိုအိုအိဝါက “အမေရိကန်မှာ ဒီလိုချီးကျူးမှုမျိုးကို သူတို့ရခဲ့တာက တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ အရာလို့ ကျနော်ထင်ပါတယ်” လို့ ပြောပါတယ်။
ဂျိမ်းစ်ကလာဗဲလ်ရဲ့ ဝတ္ထုကို အခြေခံထားတဲ့ သမိုင်းဝင် ဒရမာာအမျိုးအစား ရှိုးဂန်း ရုပ်သံစီးရီးမှာ ဆာနဒါက သက္ကရာဇ် ၁၆၀၀ ဝန်းကျင် အဲဒိုခေတ်ဦးမှာ ရန်သူတွေကို ဖျက်ဆီးနိုင်တဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့သူ သခင် ယိုရှိအိတိုရနာင အဖြစ် သရုပ်ထားပါတယ်။
Source : Reuters


