
အမေရိကန်ကမ်းခြေစောင့်တပ်က ဇန်နဝါရီ ၇ ရက်မှာ ဗင်နီဇွဲလားနဲ့ ဆက်စပ်နေတဲ့ ရေနံတင်သင်္ဘောကို လက်တင်အမေရိက ရေပိုင်နက်အတွင်း ကြားဖြတ်ဖမ်းဆီးခဲ့ပါတယ်။
အမေရိကန်စစ်တပ်ရဲ့ တောင်ပိုင်းစစ်ဌာနချုပ်က ဒဏ်ခတ်ပိတ်ဆို့မှုအောက်မှာရှိတဲ့ ပနားမားအလံ လွှင့်ထားတဲ့ ဧရာမရေနံတင်သင်္ဘော M ဆိုဖီယာကို မိုးမလင်းမီ ဖမ်းဆီးရမိခဲ့ပြီး “နိုင်ငံမဲ့၊ ဒဏ်ခတ်ခံ မှောင်ခိုရေယာဉ်စု မော်တော်ရေနံတင်သင်္ဘော” အဖြစ် ဖော်ပြခဲ့ပါတယ်။
အမေရိကန်ကမ်းခြေစောင့်တပ်ဟာ နောက်ဆုံးအစီအစဉ်အတွက် M/T ဆိုဖီယာကို အမေရိကန်နိုင်ငံဆီ လိုက်ပို့နေတယ်လို့ တောင်ပိုင်းစစ်ဌာနချုပ်က ကြေညာချက်ထုတ်ပြန် ပြောပါတယ်။
M ဆိုဖီယာ သင်္ဘောဟာ ဇန်နဝါရီ အစောပိုင်းမှာ ဗင်နီဇွဲလားရေပိုင်နက်ကနေ ထွက်ခွာခဲ့ပြီး ရေဒီယိုအချက်ပြလှိုင်းတွေကို အလိုအလျောက် လက်ခံတုံ့ပြန်တဲ့ “dark mode” ဒါမှမဟုတ် transponder ကို ပိတ်ထားရင်း တရုတ်နိုင်ငံဆီ ဗင်နီဇွဲလားရေနံတွေသယ်တဲ့ သင်္ဘောအုပ်စုရဲ့ တစိတ်တပိုင်းအဖြစ် ထွက်ခွာသွားခဲ့တယ်လို့ သင်္ဘောပို့ဆောင်ရေးဒေတာနဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာမှာ ဖော်ပြပါတယ်။
Source: Reuters


