
နောက်ခံလူ ဂေဟီရဲ့ အနာဂတ်ကို ကစားသမားဖြစ်သူ ကိုယ်တိုင်ကပဲ ဆုံးဖြတ်မှာဖြစ်ကြောင်း ခရစ္စတယ်ပဲလေ့စ် နည်းပြ ဂလက်စ်နာက ပြောသွားပါတယ်။
ဂေဟီကို မန်စီးတီးနဲ့ လီဗာပူးအသင်းတွေက ချိတ်ဆက်နေပြီး ခရစ္စတယ်ပဲလေ့စ်နဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိဖို့ ကြိုးပမ်းနေကြတာပါ။
ပဲလေ့စ်နည်းပြ ဂလက်စ်နာကတော့ ဂေဟီရဲ့ အနာဂတ်က ကစားသမားဖြစ်သူနဲ့သာ သက်ဆိုင်ပြီး ဂေဟီဘက်က ထွက်ခွာခွင့် တောင်းဆိုလာမယ်ဆိုရင် အသင်းဘက်က ခွင့်ပြုပေးသွားရမှာ ဖြစ်ကြောင်း ပြောပါတယ်။
ဒါပေမဲ့ ဂေဟီဟာ အသင်းမှာ ဆက်ရှိမယ်လို့ ထင်ပြီး သူဟာ ကွင်းတွင်း ကွင်းပြင်မှာ ပရော်ဖက်ရှင်နယ်ကျကျ လုပ်ဆောင်သူဖြစ်ကြောင်း နည်းပြဂလက်စ်နာက ပြောသွားပါတယ်။
အသက် ၂၅ နှစ်ရှိ ဂေဟီဟာ အင်္ဂလန်အသင်းရဲ့ အဓိကနောက်ခံလူ ဖြစ်လာပြီးနောက် ထိပ်တန်းအသင်းတွေရဲ့ ပစ်မှတ် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
Photo: Reuters


