
ခြေစွမ်းပြ ဂိုးတွေသွင်းယူနေတဲ့ သီယာဂိုကို ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးအဖြစ် ဘရန့်ဖို့ဒ်နည်းပြ အန်ဒရူးက ချီးကျူးသွားပါတယ်။
ဘရာဇီးတိုက်စစ်မှူးဟာ အခုနှစ်ရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေပြီး ပရီးမီးယားလိဂ်မှာ ၁၆ ဂိုး သွင်းယူထားကာ မန်စီးတီးတိုက်စစ်မှူး ဟာလန်း ပြီးရင် ဂိုးအများဆုံး သွင်းယူထားတာပါ။
သီယာဂိုဟာ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်သလို ဘောလုံးကျွမ်းကျင်မှုတွေမှာလည်း တိုးတက်လာနေပြီး ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးတယောက် ဖြစ်လာကြောင်း နည်းပြ အန်ဒရူးက ပြောပါတယ်။
သီယာဂို ကတော့ ရာသီအစတုန်းက ပွဲကစားခွင့် ရရှိရေးကိုပဲ အဓိက ပစ်မှတ်ထားခဲ့ပြီး ဒီလောက် ဂိုးတွေအများကြီး သွင်းယူနိုင်မယ်လို့ မမျှော်မှန်းခဲ့ကြောင်း၊ လက်ရှိစွမ်းဆောင်ရည်ကို ဆက်ထိန်းနိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။
ဘရာဇီးတိုက်စစ်မှူးတွေထဲမှာ ဂိုးအများဆုံးသွင်းယူထားတဲ့ သီယာဂိုဟာ နည်းပြ အန်ဆလော့တီရဲ့ လက်ရွေးစင်အသင်းမှာ ပါဝင်ဖို့လည်း အလားအလာ ကောင်းနေပါတယ်။
Photo:Reuters


