
ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်ရဲ့ တိုက်ခိုက်မှုနဲ့ နီကိုလပ်စ် မာဒူရိုကို ဖမ်းဆီးသွားအပြီးမှာ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်က ဇန်နဝါရီ ၆ ရက်မှာ နိုင်ငံရဲ့ ထုတ်လုပ်ရေးယန္တရားကို ကာကွယ်မဲ့ စိုက်ပျိုးရေး-အစားအစာ၊ စက်မှုနဲ့ လူထုကဏ္ဍဆိုင်ရာ အထူးအဖွဲ့အစည်းတခု ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။
ရိုဒရီဂွက်ဇ်က ပြင်ပခြိမ်းခြောက်မှုတွေနဲ့ ရန်လိုမှုတွေကို ရင်ဆိုင်ရာမှာ ဗင်နီဇွဲလားရဲ့ တက်ကြွတဲ့ တုံ့ပြန်ခုခံမှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အလေးပေးပြောကြားခဲ့ပါတယ်။
“သမ္မတ မာဒူရိုက ၂၀၂၆ ခုနှစ်ကို ထူးခြားတဲ့စိန်ခေါ်မှုလို့ နာမည်ပေးထားတာပါ။ လက်နက်ချဖို့ ငြင်းဆန်တဲ့ ဗင်နီဇွဲလား၊ တက်ကြွစွာ ခုခံနေတဲ့ ဗင်နီဇွဲလား ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေ၊ တိုက်ခိုက်မှုတွေ၊ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါပြီ” လို့ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ်က ပြောကြားခဲ့ပါတယ်။
ကိုယ်ရေးကိုယ်တာအရ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ သူ့ရဲ့ကံကြမ္မာကို ဘုရားသခင်ကသာ ဆုံးဖြတ်ခဲ့တယ်လို့ ကြေညာခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံသားတွေအနေနဲ့ ထုတ်လုပ်မှုကဏ္ဍ အားလုံးမှာ အမျိုးသားစည်းလုံးညီညွတ်မှုကနေတဆင့် နိုင်ငံအတွက် သူတို့ရဲ့တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
မဟာဗျူဟာမြောက် အဖွဲ့အစည်းဟာ ထုတ်လုပ်မှုကဏ္ဍတွေနဲ့ အမျိုးသားအုပ်ချုပ်ရေးအကြား တိုက်ရိုက်ညှိနှိုင်း ဆောင်ရွက်နိုင်အောင် စီစဉ်ထားပြီး မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေနဲ့ စက်မှုထုတ်လုပ်မှု စီးဆင်းမှုကို အနှောင့်အယှက်မရှိစေဖို့အတွက် လုပ်ဆောင်မှာဖြစ်ပါတယ်။
Source: Reuters


