
ဝက်စ်ဟမ်းအသင်းဟာ အီတလီစီးရီးအေကလပ် လာဇီယိုအသင်းက အာဂျင်တီးနားတိုက်စစ်မှူး ကတ်စ်တယ်ယာနို့စ်ကို ၄ နှစ်ခွဲစာချုပ်နဲ့ တရားဝင်ခေါ်ယူလိုက်ပါတယ်။
အသက် ၂၇ နှစ်ရှိ အာဂျင်တီးနား တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေးပမာဏကို ဖော်ပြမထားဘဲ မဖော်ပြနိုင်တဲ့ ပြောင်းရွှေ့ကြေးတရပ်အဖြစ် သတင်းတွေမှာ ဖော်ပြကြပါတယ်။
ကတ်စ်တယ်ယာနို့စ်ဟာ ၂၀၂၃ ခုနှစ်ကမှ စပိန်ကလပ် ဂျီရိုနာကနေ လာဇီယိုအသင်းဆီ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မနှစ်ကရာသီက ပြိုင်ပွဲစုံ ပွဲ ၄၀ မှာ ၁၄ ဂိုး သွင်းယူနိုင်ခဲ့သူပါ။
သူဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ၂ ပွဲပါဝင်ကစားခဲ့ဖူးပါတယ်။ အဆင့် ၁၈ ရောက်နေတဲ့ ဝက်စ်ဟမ်းအသင်းဟာ ပေါ်တူဂီကလပ် ဗင်ဆန့်တီအသင်းက ဘရာဇီးတိုက်စစ်မှူး ပါဘလိုဖိလစ်ပီကိုလည်း ပေါင် ၂၂ သန်းနဲ့ ခေါ်ယူထားပြီး တိုက်စစ်မှူး ၂ ယောက်အထိ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။


