Home
နိုင်ငံတကာ
ဂရင်းလန်းကျွန်း သိမ်းပိုက်ရေး မခြိမ်းခြောက်ရန် ထရမ့်ပ်ကို ဒိန်းမတ်ဝန်ကြီးချုပ် သတိပေး
DVB
·
January 5, 2026
Photo: Reuters

ဂရင်းလန်းကျွန်းကို သိမ်းပိုက်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ရပ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ဒိန်းမတ်ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။

ထရမ့်ပ်ရဲ့ လက်ထောက်တယောက်ဖြစ်တဲ့ စတီဖင်မီလာရဲ့ ဇနီးသည် ကေတီမီလာက အမေရိကန်အလံ အရောင်ခြယ်ထားတဲ့ ဂရင်းလန်းကျွန်းမြေပုံမှာ “မကြာမီ” ဆိုတဲ့ စာတန်းထိုးပြီး X လူမှုကွန်ရက်မှာ မျှဝေခဲ့အပြီးမှာ အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒိန်းမတ်ဝန်ကြီးချုပ် မက်တာ ဖရက်ဒရစ်ဆင်က “အမေရိကန်က ဂရင်းလန်းကျွန်းကို သိမ်းဖို့ လိုအပ်တယ်လို့ ပြောနေတာ လုံးဝ အဓိပ္ပာယ်မရှိပါဘူး။ ဒိန်းမတ်ဘုရင့်နိုင်ငံထဲက ပြည်သုံးပြည်မှာ ဘယ်ပြည်ကိုမှ သိမ်းယူဖို့ အမေရိကန်မှာ အခွင့်အရေး မရှိပါဘူး” လို့ သတိပေး ပြောကြားပါတယ်။

ဒိန်းမတ်ဘုရင့်နိုင်ငံမှာ ဒိန်းမတ်ပြည်မ၊ ဂရင်းလန်းကျွန်းနဲ့ ဖာရိုးကျွန်းစုတို့ ပါဝင်ပြီး ကျွန်းတွေဟာ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ငွေကြေးတို့မှာ ပူးပေါင်းဆောင်ရွက်ပေမဲ့ ပြည်တွင်းရေးကို လွတ်လွပ်လပ်လပ် စီမံနိုင်ကြပါတယ်။

မဟာဗျူဟာ အချက်အချာကျသလို သယံဇာတကြွယ်ဝတဲ့ ဂရင်းလန်းကျွန်းကို အမေရိကန်ပိုင်နက်အဖြစ် သွတ်သွင်းဖို့ ဖြစ်နိုင်ခြေရှိကြောင်း ထရမ့်ပ်က ထပ်တလဲလဲ ပြောဆိုထားတာပါ။

ဒိန်းမတ်က NATO အဖွဲ့ဝင် ဖြစ်တဲ့အတွက် ဂရင်းလန်းပြည်လည်း NATO ထဲမှာ ပါဝင်ပြီးတော့ အဖွဲ့ကြီးရဲ့ လုံခြုံရေးအာမခံချက် ရှိထားတယ်လို့လည်း ဝန်ကြီးချုပ်က တုံ့ပြန်ထားပါတယ်။

လူဦးရေ ၅၇,၀၀၀ ရှိတဲ့ ဂရင်းလန်းဟာ ၁၉၇၉ ခုနှစ်ကတည်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့် အများအပြား ရရှိထားတာဖြစ်ပေမဲ့ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးကိုတော့ ဒိန်းမတ်ဗဟိုအစိုးရကပဲ ထိန်းချုပ်ထားပါတယ်။

ဂရင်းလန်းကျွန်းသား အများစုဟာ ဒိန်းမတ်လက်အောက်ကနေ တဖြည်းဖြည်းချင်း လွတ်လပ်ရေး ယူဖို့ကို လိုလားပေမဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အစိတ်အပိုင်း ဖြစ်လာရေးကိုတော့ ဆန့်ကျင်သူ အထူးများပြားတယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013