
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဆန္ဒပြသူတွေကို ကူညီမယ်လို့ ခြိမ်းခြောက်ပြီးတဲ့နောက် ရန်သူကို အလျှော့ပေးမှာ မဟုတ်ဘူးလို့ အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေးနီက ဇန်နဝါရီ ၃ ရက်မှာ ကတိပြုပါတယ်။
ငွေကြေးဖောင်းပွမှုမြင့်တက်လာလို့ ရက်ပေါင်းများစွာ မငြိမ်မသက်ဖြစ်အပြီး အဖမ်းအဆီးတွေ သိသိသာသာ မြင့်တက်လာတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက သတင်းထုတ်ပါတယ်။
ဇန်နဝါရီ ၃ ရက်က ရုပ်မြင်သံကြားကနေ ခါမေနီက အီရန်ဟာ ရန်သူကို အလျှော့ပေးမှာ မဟုတ်ဘူးလို့ ပြောခဲ့ပြီး အဓိကရုဏ်းကျူးလွန်သူတွေကို သူတို့ရဲ့ နေရာမှာ ထားသင့်တယ်လို့ ပြောပါတယ်။
ရီယယ်ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် စီးပွားရေး ထိခိုက်လာချိန် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစပြီး အီရန်တဝန်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး လူ ၁၀ ယောက်ကျော် သေဆုံးခဲ့ကာ အများအပြား ဖမ်းဆီးခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
Source: Reuters


