
အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဖော့တ်ဝသ်မြို့မှာ ဇန်နဝါရီ ၂ ရက်က ကျင်းပခဲ့တဲ့ ကောလိပ်ပေါင်းစုံ အမေရိကန်ဘောလုံးပြိုင်ပွဲ မစခင် သရုပ်ပြဆင်းသက်ပြသမှု ပြုလုပ်ချိန် လေထီးခုန်သမားတယောက် ဘောလုံးကွင်းရှိ ပိုက်ကွန်နဲ့ ရစ်ပတ်မိကာ မြေပြင်ပေါ်ကို ပြုတ်ကျခဲ့ပါတယ်။
အဲဒီလေထီးသမားဟာ မတ်တပ်ရပ်နိုင်ခဲ့ပြီး အကူအညီမလိုဘဲ ကွင်းပေါ်ကနေ ထွက်ခွာနိုင်ခဲ့တယ်လို့ USA Today သတင်းစာက ပြိုင်ပွဲကိုယ်စားလှယ်တယောက်ရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြရာမှာ ဖော်ပြထားပါတယ်။
မြေပြင်မှာရှိနေတဲ့ ဝန်ထမ်းတွေနဲ့ ကြည့်ရှုသူ ပရိသတ်တွေလည်း ထိခိုက်မှု မရှိခဲ့ပါဘူး။ College football bowl ပြိုင်ပွဲဟာ အမေရိကန် တက္ကသိုလ်/ကောလိပ် ဘောလုံးအသင်းတွေက ရာသီကုန်မှာ ကစားတဲ့ အထူးပြိုင်ပွဲတွေ ဖြစ်ပါတယ်။
Source: Reuters


