
တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်ဟာ တရုတ်နိုင်ငံနဲ့ စီးပွားရေးဆက်ဆံမှု မြှင့်တင်ဖို့အတွက် ဇန်နဝါရီ ၄ ရက်နေ့မှာ ပေကျင်းမြို့ကို ရောက်ရှိနေပါတယ်။
ဒါဟာ ၆ နှစ်အတွင်း တောင်ကိုရီးယားခေါင်းဆောင်တယောက်ရဲ့ ပထမဆုံး တရုတ်ခရီးစဉ်ဖြစ်ပြီး ထိုင်ဝမ်အရေးလို အကဲဆတ်တဲ့ ကိစ္စရပ်တွေကို ရှောင်ရှားသွားဖို့ ရှိနေပါတယ်။
သမ္မတ အီဂျယ်မြောင်က “ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ ပေါင်းစည်းရေးကို ဖော်ဆောင်ရာမှာ တရုတ်နိုင်ငံဟာ အလွန်အရေးကြီးတဲ့ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက် ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ခရီးစဉ်မတိုင်ခင် နာရီပိုင်းအလိုမှာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ သမ္မတ အီကတော့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး တိုးတက်ဖို့ တရုတ်ရဲ့သြဇာကို အသုံးချလိုနေပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းတဝိုက် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့တာကိုတော့ တောင်ကိုရီးယားဘက်က နိုင်ငံတကာလို ဝေဖန်ရှုတ်ချတာမျိုး မလုပ်ခဲ့ပါဘူး။
ဒီခရီးစဉ်မှာ ဆမ်ဆောင်းနဲ့ ဟွန်ဒိုင်း အပါအဝင် စီးပွားရေးလုပ်ငန်းရှင်တွေ လိုက်ပါသွားကြပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဇန်နဝါရီ ၅ ရက်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။
တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့လည်း ဇန်နဝါရီ ၆ ရက်နေ့မှာ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက တောင်ကိုရီးယား ပေါ့ပ်ယဉ်ကျေးမှုအပေါ် တဖက်လှည့်နဲ့ ပိတ်ပင် ကန့်သတ်ထားတာတွေကို ဖြေလျှော့ပေးဖို့လည်း တာဝန်ရှိသူတွေက မျှော်လင့်နေကြပါတယ်။
Source: Reuters


