
ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ပါတယ်။
ပေါင်းတလည်မြို့နယ်က ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ပေါက်ခေါင်းမြို့နယ် ကန်စုရွာ အနောက်ဘက်ကျောင်းအနီးမှာ ဇန်နဝါရီလ ၂ ရက်နေ့ နေ့လယ်အချိန်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံး၊ ၃ ယောက် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးရုပ်အလောင်းတွေနဲ့ ဒဏ်ရာရရှိသူတွေကို ကားပေါ်တင်ဆောင်ကာ ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို PDF ဗျူဟာ ၂၁ ကွပ်ကဲမှုလက်အောက်က ပြည်ခရိုင် အမှတ် (၁)၊ ၃၆၀၁ တပ်ရင်း တပ်ခွဲ (၃) က လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။


