
ဗင်နီဇွဲလားနိုင်ငံကနေ ထွက်သွားဖို့ ညှိနှိုင်းချက်ကို ငြင်းဆန်ခဲ့ပြီးနောက် ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုဟာ အာဏာကနေဖယ်ရှားခံရတာဖြစ်တယ်လို့ အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုက ဇန်နဝါရီ ၃ ရက် မနက်မှာ X လူမှုကွန်ရက်ပေါ်ကနေ ကြေညာချက် ထုတ်ပြန် ပြောပါတယ်။
အတိုက်အခံတွေကို အပြင်းအထန် ဖိနှိပ်ခဲ့တဲ့ အာဏာရှင်သမ္မတ မာဒူရိုကို အမေရိကန်က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်မှာ ဗင်နီဇွဲလား ဒီမိုကရေစီ ခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မာချာဒိုက အခုလို ပြောကြားလိုက်တာပါ။
၂၀၂၄ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူ ဖြစ်တယ်လို့ အမေရိကန်နဲ့ နိုင်ငံတကာ စောင့်ကြည့်သူတွေရဲ့ အသိအမှတ်ပြုခံထားရသူ အတိုက်အခံ လုပ်ဖော်ကိုင်ဖက် အက်ဒ်မွန်ဒို ဂွန်ဇာလက်ဇ်က သမ္မတရာထူးကို ဆက်ခံသင့်တယ်လို့ မာချာဒိုက ပြောပါတယ်။
အတိုက်အခံတွေက နိုင်ငံထဲမှာ တည်ငြိမ်အေးချမ်းမှုကို ပြန်ထိန်းသိမ်းပြီး နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိမ့်မယ်လို့လည်း သူက ထပ်လောင်းပြောပါတယ်။
၁၉၈၉ ခုနှစ်မှာ ပနားမားကို ကျူးကျော်ပြီးတဲ့နောက်ပိုင်း လက်တင်အမေရိကမှာ အမေရိကန်ရဲ့ တိုက်ရိုက်အကျဆုံး ဝင်ရောက်စွက်ဖက်မှုအဖြစ် ဗင်နီဇွဲလားကို မနက်စောစောမှာ တိုက်ခိုက်ပြီး မာဒူရိုကို ဖမ်းဆီးခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကြေညာပါတယ်။
မတိုက်ခိုက်ခင်မှာ အမေရိကန်အစိုးရက မာဒူရိုဟာ “မူးယစ်နိုင်ငံ” ကို ဦးဆောင်ပြီး ၂၀၂၄ ရွေးကောက်ပွဲကို လိမ်လည်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။
Source: Reuters


