Home
မြန်မာသတင်း
ကသာမြို့သိမ်းတိုက်ပွဲ၌  ခမရ ၃၀၉ ဒုတပ်ရင်းမှူး သေဆုံး
DVB
·
January 3, 2026

ဒီဇင်ဘာ ၂၈ ရက်နေ့ ရွေးကောက်ပွဲနေ့ကတည်းက တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ စစ်ကောင်စီ ခမရ ၃၀၉ တပ်ရင်းဟာ ခွာစစ်ဆင်ရင်း ဇန်နဝါရီ ၂ ရက်မှာ ဒုတပ်ရင်းမှူး သေဆုံးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ကနေ  သိရပါတယ်။

မြို့နယ် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်လည်းဖြစ် ခမရ ၃၀၉ ရဲ့ ဒုတပ်ရင်းမှူး တာဝန်ပါ ပူးတွဲယူထားရတဲ့ ဗိုလ်မှူးနိုင်ဝင်းဟာ ထွေအုပ်၊ ရဲစခန်း၊ စစ်ကောင်စီတပ်နဲ့အတူ ဆုတ်ခွာတုန်း ပြည်သူ့ကာကွယ်ရေးတပ်တွေပစ်ခတ်တဲ့ လက်နက်ကျည်ထိမှန်သေဆုံးခဲ့တာလို့ စစ်ရေးသတင်းရမြစ်က ပြောပါတယ်။

"PDF တွေ မြို့ထဲက ထွေအုပ်နဲ့ ရဲစခန်းကိုတိုက်တဲ့အချိန် ဒုတပ်ရင်းမှူးကျည်ထိသွားတယ်။ အဲ့ကနေ ခွာစစ်ဆင်ရင်း ခမရ ၃၀၉ ကို ပြန်ရောက်တယ်။ တပ်ရင်းထဲမှာ ရသလောက်ကုတယ်။ မနေ့က ပဲသေသွားတယ်။ လက်ရှိအခြေအနေကိုပြောရရင် PDF တွေက မြို့တဝက်လောက်သိမ်းထားပြီ။”

ကသာမြို့နယ်ဟာ ခရိုင်အခြေစိုက်ရုံးဖြစ်တဲ့အပြင် စစ်ကောင်စီတပ်အတွက် အရေးပါတဲ့မြို့နယ် ဖြစ်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို လက်နက်မချဘဲ ရသလောက်ခုခံသွားဖို့ နမခတိုင်းက ညွှန်ကြားထားပါတယ်။

ကသာမြို့နယ်မှာ ဒီဇင်ဘာ ၂၈ ရက်ကစလို့ စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲဖြစ်နေတာ ဒီကနေ့ ဆို ၇ ရက်ရှိပြီး မြို့ခံအကုန်နီးပါး စစ်ဘေးရှောင်ကြသလို Non CDM ဝန်ထမ်းတွေလည်း မြို့ခံတွေနဲ့အတူ ထွက်ပြေးကြတယ်လို့ စစ်ရှောင်ပြည်သူတယောက်က ပြောပါတယ်။

"မရှောင်လို့လည်းမရဘူး။ စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲနေတာ။ စစ်ရှောင်တဲ့သူ တသိန်းကျော်ရှိတယ်။ အဲ့ဒီထဲမှာ ဝန်ထမ်းတွေလည်းပါတယ်။ PDF တွေက ပြည်သူတွေဆို ဘာမှမလုပ်ဘူး။ ဝန်ထမ်းတွေဆိုရင်ရင်တော့ စစ်ဆေးပြီး ဖမ်းဆီးတာရှိတယ်။ အခုထိလည်း တိုက်ပွဲတွေ ကြိုးကြားကြိုးကြား ဖြစ်နေတုန်းပဲ။”

ကသာမြို့နေ ပြည်သူတွေဟာ အများအားဖြင့် မြို့နဲ့ နီးစပ်ရာ နဘား၊ မိုးညှင်း၊ ရွှေကူ၊ မော်လူး၊ မြစ်ကြီးနား မြို့နယ်တွေကို စစ်ဘေးရှောင်ကြပြီး ငွေကြေးတတ်နိုင်သူတွေက ရန်ကုန်နဲ့ မန္တလေးကို စစ်ရှောင်နေကြပါတယ်။

လက်ရှိ ကသာမြို့အခြေအနေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေက ခမရ ၃၀၉ အပါ အဝင် တမြို့လုံးကိုသိမ်းနိုင်ရေးအတွက် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက်ကတော့ မြို့မကျ ရေးအတွက် လေကြောင်းပစ်ကူယူကာ ခံစစ်ဆင်နေရတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013