ဒီ ၃ ရက်အတွင်း ရန်ကုန်မှာ ကားတိုက်ပြီး လူ ၄ ယောက်သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။
ဇန်နဝါရီ ၃ ရက် ဒီနေ့ မနက် အစောပိုင်း ၂ နာရီ မိနစ် ၄၀ လောက်က အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ BPI ဆေးဝါးစက်ရုံလမ်းမှာ ကားတိုက်ပြီး လူညပ်နေတယ် ဆိုတဲ့သတင်းရလို့ အင်းစိန်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်ကယ်ဆယ်ဆယ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဖြစ်စဉ်ကြောင့် ကားပေါ်ပါ အမျိုးသား ၁ ယောက်သေဆုံးပြီး အလောင်းကို တွဲလက် လူမှုကူညီရေးအသင်းက လူနာတင်ကားနဲ့ အင်းစိန်ပြည်သူ့ဆေးရုံကြီးဆီကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁ ရက် မနက် ၄ နာရီခွဲလောက်ကလည်း လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ရန်ကုန်- ပုသိမ်လမ်းမပေါ်၊ အဝေးပြေးအကျော်မှာ ကားတိုက်ပြီး လူညပ်နေတယ်ဆိုတဲ့သတင်းရလို့ လှိုင်သာယာအနောက်ပိုင်း မြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးကား ၁ စီးနဲ့ သွားရောက် ကူညီခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကားတိုက်မှုမှာတော့ ကားပေါ် ပိတ်မိနေသူတွေထဲက အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်သေဆုံးခဲ့ပြီး အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကတော့ ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁ ရက် မနက် ၆ နာရီလောက်ကလည်း မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်မှတ်တိုင်နားမှာ ကားတိုက်ခဲ့ပြီး မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းက သွားရောက်ကူညီခဲ့ပြီး သေဆုံးတဲ့ အမျိုးသားကိုတော့ ပုလဲအရန်မီးသတ်စခန်းက လူနာတင်ကားနဲ့ အင်စိန်ပြည်သူ့ဆေးရုံဆီကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်အားလုံးဟာ မနက်အစောပိုင်းအချိန်တွေမှာဖြစ်ပြီး ကားပေါ်မှာပါလာသူတွေ ညပ်ပြီးသေဆုံးတာဖြစ်ပါတယ်။







