
ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ နှစ်သစ် ပထမဆုံးနေ့ ချီတက်ပွဲကို ဇန်နဝါရီ ၁ ရက်မှာ ပြုလုပ်ခဲ့ပြီး ကမ္ဘာတဝန်းက ဖျော်ဖြေရေးသမားတွေ တက်ရောက်ခဲ့ပါတယ်။
၂၀၂၆ ခုနှစ် စတင်တဲ့ ဖျော်ဖြေပွဲကို လန်ဒန်မြို့ လမ်းတွေပေါ်မှာ ပြုလုပ်တာဖြစ်ပြီး ၂ ဒသမ ၂ မိုင် အကွာအဝေးကို ချီတက် ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။
ဒီချီတက်ပွဲကို လန်ဒန်မြို့မှာ ကျင်းပခဲ့ပြီး ကမ္ဘာတဝန်းက ဖျော်ဖြေရေးသမား ၈,၀၀၀ ကျော် ပါဝင်ခဲ့ပါတယ်။
၁၉၈၇ ခုနှစ်က စတင်ခဲ့တဲ့ နှစ်သစ်ချီတက်ပွဲဟာ ဒီနှစ်မှာ နှစ် ၄၀ ပြည့်မြောက်တဲ့နှစ်လည်း ဖြစ်ပါတယ်။
ဒီဖျော်ဖြေပွဲမှာ အမေရိကန်နိုင်ငံက ဂီတအဖွဲ့တွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီဖျော်ဖြေပွဲကို လူပေါင်း ၅၀၀,၀၀၀ လောက် ကြည့်ရှုခဲ့တယ်လို့ ချီတက်ပွဲကျင်းပတဲ့အဖွဲ့က ဆိုပါတယ်။
ချီတက်ပွဲဟာ လန်ဒန်မြို့ရဲ့ အထင်ကရ နေရာတွေဖြစ်တဲ့ ပစ်ကာဒီလီ၊ ထရာဖယ်ဂါ စကွဲနဲ့ ဝှိုက်ဟောတို့ကို ဖြတ်ပြီး ဖျော်ဖြေခဲ့တာ တွေ့ရပါတယ်။
အီတလီနိုင်ငံမှာတော့ အေးခဲနေတဲ့ ရောမမြို့က တံတားပေါ်ကနေ မြစ်ထဲကို ခုန်ဆင်းတဲ့ ရိုးရာပွဲကို နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ ပြုလုပ်ခဲ့ပါတယ်။
၁၉၄၆ ခုနှစ်က စတင်ခဲ့တဲ့ တိုင်ဘာဒိုင်ဗင်ပွဲဟာ နှစ်ပေါင်း ၇၇ နှစ် သက်တမ်းရှိတဲ့ ရိုးရာဒိုင်ဗင်ထိုးမှုပဲ ဖြစ်ပါတယ်။
စပိန်နိုင်ငံမှာတော့ နှစ်ဆန်း ၁ ရက်နေ့က ဘာစီလိုနာကမ်းခြေမှာ ရာနဲ့ချီတဲ့ ရေကူးသူတွေက ရိုးရာနှစ်သစ်ရေကူးမှု ပြုလုပ်ခဲ့ကြပါတယ်။
Source: Reuters


