
ကမ္ဘာတဝန်းက ပြည်သူတွေဟာ ၂၀၂၆ ခုနှစ် နှစ်သစ်ကူးကို မီးရှူးမီးပန်းတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကြိုဆိုခဲ့ကြပါတယ်။
နယူးဇီလန်နဲ့ ဩစတြေးလျနိုင်ငံတွေဟာ နှစ်သစ်ကို ဦးဆုံး စတင်ဆင်နွှဲခဲ့ကြပြီး ဒူဘိုင်းက ဘာ့ဂျ်ခါလီဖာ တာဝါနဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့တွေမှာလည်း မီးရောင်စုံတွေနဲ့ လှပနေပါတယ်။
တောင်ကိုရီးယားမှာ ရိုးရာခေါင်းလောင်းထိုးပွဲ ကျင်းပခဲ့သလို လန်ဒန်နဲ့ အီဒင်ဘာရာ မြို့တွေမှာလည်း လူအုပ်ကြီးနဲ့ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပါတယ်။
ရီယိုဒီဂျနေးရိုးမြို့ဟာ လူ ၂ သန်းခွဲ တက်ရောက်ခဲ့တဲ့ ၂၀၂၄ ခုနှစ်ပွဲတော်နဲ့ ကမ္ဘာ့အကြီးဆုံး နှစ်သစ်ကူးပွဲ ဂင်းနစ်စံချိန်တင်ထားတာ ဖြစ်ပါတယ်။
ဒီနှစ်မှာတော့ ကိုပါကာဘာနာကမ်းခြေမှာ မီးရှူးမီးပန်းတင်သင်္ဘော ၁၉ စင်းနဲ့ ၁၂ မိနစ်ကြာ ပစ်ဖောက်မှာဖြစ်ပြီး စံချိန်သစ်တင်နိုင်ဖို့ မျှော်လင့်ထားကြပါတယ်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့ တိုင်းမ်စကွဲရ်မှာတော့ နှစ်သစ်ကူးပွဲအတွက် လူ ၁ သန်းလောက် လာရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
အမေရိကန်မှာ သန်းခေါင်ယံအချိန် ကျရောက်တာနဲ့ တပြိုင်နက် လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်ပွဲတွေကို ဝါရှင်တန် မော်ကွန်းတိုင်မှာ မီးအလှတွေထွန်းညှိပြီး စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။
ရုရှားနဲ့ ယူကရိန်းပြည်သူတွေကတော့ စစ်ပွဲတွေ အမြန်ဆုံးရပ်စဲပြီး ငြိမ်းချမ်းရေးရဖို့ မျှော်လင့်ရင်း နှစ်သစ်ကို ကြိုဆိုခဲ့ကြပါတယ်။
Source:Reuters


