
ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး အမ်ဘာပေဟာ ဒူးဒဏ်ရာကြောင့် အနည်ဆုံး ၃ ပတ်ကြာ အနားယူရမယ်လို့ သိရပါတယ်။
ပြင်သစ်တိုက်စစ်မှူးဟာ အခုနှစ် ရာသီဝက်ကာလအတွင်းမှာပဲ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃၀ သွင်းယူထားပြီး အခုနှစ်မှာချီးမြှင့်မဲ့ ဘလွန်းဒီအောဆုအတွက် ရေပန်းအစားဆုံး ကစားသမား ဖြစ်လာတာပါ။
ဒူးဒဏ်ရာကြောင့် အနည်းဆုံး ၃ ပတ်ခန့် အနားယူရမဲ့ အခြေအနေက အကောင်းဆုံးခြေစွမ်းပြနေတဲ့ အမ်ဘာပေ အတွက်သာမက အသင်းအတွက်ပါ ထိုးနှက်ချက်ဖြစ်ကြောင်း ပြင်သစ်နဲ့ စပိန်မီဒီယာတွေက ဖော်ပြကြပါတယ်။
အမ်ဘာပေအနေနဲ့ ဘက်တစ်၊ လီဗန်တေး တို့နဲ့ လာလီဂါ ၂ ပွဲ အပါအဝင် အက်သလက်တီကိုနဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်နဲ့ မိုနာကိုနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကိုလည်း လွဲချော်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
Photo: Reuters


