Home
နိုင်ငံတကာ
နှစ်ပေါင်း ၄၀၀ ကြာ ဒိန်းမတ် စာတိုက်လုပ်ငန်းပိတ်သိမ်းပြီး စာတိုက်ပုံးများဖယ်ရှား 
DVB
·
January 1, 2026
Photo :Reuters

ဒိန်းမတ်နိုင်ငံရဲ့ အမျိုးသားစာပို့လုပ်ငန်း ပို့စ်နော့ဒ်ဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်မှာ စာပေးပို့တဲ့ လုပ်ငန်းအစဉ်အလာကို ရပ်နားလိုက်ပါတယ်။ 

ပါဆယ်လ် ပစ္စည်းထုပ်ပေးပို့မှုအပေါ် အဓိကထား အသွင်ကူးပြောင်းဖို့အတွက်  နှစ်ပေါင်း ၄၀၁ နှစ်ကြာ ဆောင်ရွက်ခဲ့တဲ့ စာတိုက်လုပ်ငန်း ဆောင်ရွက်မှုတွေကို အဆုံးသတ်လိုက်တာဖြစ်ပြီး ကျေးရွာတွေမှာ စိုက်ထူထားတဲ့ စာတိုက်ပုံးတွေကိုလည်း ဖြုတ်သိမ်းဖယ်ရှားနေပါပြီ။

ပို့စ်နော့ဒ် စာတိုက်လုပ်ငန်းအဆိုအရ ဒိန်းမတ်နိုင်ငံမှာ စာပေးပို့ရမှု အရေအတွက်ဟာ ၂၀၀၀ ခုနှစ်ကတည်းက ၉၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပြီး ပါဆယ်ပို့ဆောင်ရေးအတွက် လိုအပ်ချက်မှာတော့ နှစ်စဉ်တိုးပွားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အခုအခါ ဆက်သွယ်ရေးအများစုဟာ အီလက်ထရွန်းနစ်စာတိုက်ပုံးတွေမှာ ရောက်ရှိနေပြီး သုံးစွဲသူတွေရဲ့ ပြောင်းလဲနေတဲ့ အလေ့အထတွေကို မီးမောင်းထိုးပြနေကြောင်း ပို့စ်နော့ဒ် ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

ဒီအပြောင်းအလဲကို အမှတ်အသားပြုဖို့အတွက် ပို့စ်နော့ဒ် စာတိုက်လုပ်ငန်းဟာ ဒိန်းမတ်နိုင်ငံရဲ့ နေ့စဉ်ဘဝမှာ စာပေးပို့မှုအခန်းကဏ္ဍရဲ့ အဆုံးသတ်ကို ရှင်းပြထားတဲ့ ပြည်သူလူထုဆီပေးပို့တဲ့ နောက်ဆုံးစာကို မင်းသမီး အယ်လန်ဟေးလ်လင်းဆိုးမှ ခပ်ကျယ်ကျယ် ဖတ်ပြထားတဲ့ ကမ်ပိန်းရုပ်ရှင်ကို ထုတ်လွှင့်ခဲ့ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013