
ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။
သံတွဲမြို့ခံတယောက်က “အခုနက ဂျက်ဖိုက်တာဖြင့် လာရောက်ပြီး ပေါင် ၅၀၀ ဗုံးဖြင့် မြို့ထဲကို ကြဲချခဲ့တယ်။ မီးတွေလောင်နေပြီ” လို့ပြောပါတယ်။
ဘုရင့်နောင်လမ်းမပေါ် မာဃလမ်းထိပ်နားက အိမ်တွေဖြစ်ပြီး ဘယ်နှအိမ်မီးလောင်တယ်ဆိုတာနဲ့ ထိခိုက်တဲ့အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
အာရက္ခတပ်တော်ကလည်း ဒီနေ့ညသံတွဲမြို့ကို ဗုံးကြဲခဲ့တယ်ဆိုတာကို ချက်ချင်းဆိုသလို ကနဦးသတင်းထုတ်ပြန်လာပါတယ်။
‘၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊ နယူးရီးယား ညနေစောင်း ၇ နာရီ ၂၈ မိနစ်အချိန်တွင် အာရက္ခပြည်၊ သံတွဲခရိုင်၊ သံတွဲမြို့၊ အမှတ် ၁ ရပ်ကွက်အတွင်းသို့ ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်သည် တကမ္ဘာလုံး၌ နှစ်သစ်ကိုကြိုဆိုနေကြသောနေ့၌ပင် လေကြောင်းမှ အကြမ်းဖက်ဗုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ်အချို့ မီးလောင်လျက်ရှိသည်’ လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
AA တပ်ဖွဲ့ဝင်တယောက်က “အထိအခိုက်၊ သေဆုံးမှုရှိနိုင်တယ်။ အဲဒီရပ်ကွက်မှာလူတွေနေကြပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက်ကို ဒီဇင်ဘာ ၂၉ ရက်ညပိုင်းက ဗုံးကြဲခဲ့သေးပြီး ကလေးငယ်တွေအပါအဝင် ၉ ယောက်သေဆုံး၊ ၁၅ ယောက်လောက် ဒဏ်ရာရခဲ့ပါတယ်။


