
ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ နော့ဗ်ဂိုရော့ဒ်ဒေသက အိမ်တော်ကို ယူကရိန်းက ဒရုန်း ၉၁ စင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရုရှားက ဒီဇင်ဘာ ၂၉ ရက်မှာ စွပ်စွဲလိုက်ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာ့ဗ်ရော့ကတော့ ဒီတိုက်ခိုက်မှုကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအပေါ် ထားရှိတဲ့ ရုရှားရဲ့ သဘောထားကို ပြန်လည်သုံးသပ်သွားမယ်လို့ ပြောပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆန်လိုက်ပြီး ဒါဟာ “ရုရှားရဲ့ ပြောနေကျ မုသားတွေ” သာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
ဒီဖြစ်ရပ်ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်ပြားအောင် ရုရှားဘက်က လုပ်ဆောင်ချက်သာ ဖြစ်တယ်လို့ ဇလန်းစကီးက ဝေဖန်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ ဒီကိစ္စကို ပူတင်ဆီက သိထားရပြီး သူဒေါသထွက်တယ်လို့ ပြောထားပါတယ်။
“ထိုးစစ်ဆင်တာက တပိုင်းပေါ့၊ သူ့အိမ်ကို သွားတိုက်တာက တပိုင်းလေ။ အခုက ဒါမျိုးလုပ်ရမဲ့အချိန် မဟုတ်ပါဘူး။ ဒီကိစ္စကို သမ္မတပူတင်ဆီကနေ ဒီနေ့ပဲသိလိုက်ရပြီး ကျုပ် အရမ်းဒေါသထွက်မိပါတယ်” လို့ ထရမ့်ပ်က သတင်းထောက်တွေကို ပြောပါတယ်။
ဇလန်းစကီးကတော့ ရုရှားဟာ ကိယက်ဗ်မြို့က အစိုးရအဆောက်အအုံတွေကို တိုက်ခိုက်ဖို့ အကြောင်းပြချက် ရှာနေတာလို့ သတိပေးလိုက်ပါတယ်။
တဖက်မှာလည်း ဇာပိုးရီးရှား ဒေသတခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ရေး ဆက်လုပ်ဖို့ ပူတင်က သူ့စစ်တပ်ကို အမိန့်ပေးထားပါတယ်။
Source: Reuters


