
အနောက်နိုင်ငံတွေက ရုရှားကို လေးလေးစားစား ဆက်ဆံမယ်ဆိုရင် စစ်ပွဲတွေ ထပ်ရှိလာမှာ မဟုတ်ဘူးလို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။
ဥရောပနိုင်ငံတွေကို တိုက်ခိုက်ဖို့ ရုရှားက စီစဉ်နေတယ်ဆိုတဲ့ အကြောင်းကိုလည်း ပူတင်က အဓိပ္ပာယ်မရှိတဲ့ ပြောဆိုချက်လို့ ပြောပါတယ်။
၄ နာရီ ခွဲကြာ ရုပ်သံထုတ်လွှင့်မှုအစီအစဉ်မှာ ဘီဘီစီက အထူးစစ်ဆင်ရေး အသစ်ရှိဦးမလားဆိုတဲ့ မေးမြန်းမှုကို ပူတင်က ဖြေကြားခဲ့တာပါ။
“ကျနော်တို့ကို လေးစားသမှုနဲ့ဆက်ဆံမယ်ဆိုရင် ကျနော်တို့ကလည်း အမြဲတမ်း လေးစားနေမှာပါ။ ဒါဆိုရင် စစ်ပွဲတွေ ထပ်ဖြစ်စရာမရှိတော့ပါဘူး” လို့ ပူတင်က အခိုင်အမာပြောဆိုခဲ့ပါတယ်။
ဒီလအစောပိုင်းတုန်းကလည်း ရုရှားဟာ ဥရောပကိုစစ်တိုက်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောဆိုခဲ့ဖူးပြီး ဥရောပကစစ်ဖြစ်ဖို့ ဆန္ဒရှိရင်တော့ တိုက်ဖို့အသင့်ပဲလို့လည်း ပူတင်က ပြောဆိုခဲ့ဖူးပါသေးတယ်။
ရုရှားအခြေစိုက် ဘီဘီစီသတင်းဌာနအယ်ဒီတာရဲ့ မေးမြန်းချက်ကို ပူတင်က နေတိုးကသာ အရှေ့ဘက်ကို နယ်မြေချဲ့ထွင်ပြီး ကျနော်တို့ကို မလှည့်စားဘူးဆိုရင် ရုရှားရဲ့ ကျူးကျော်စစ် တွေလည်း ရှိမှာမဟုတ်ဘူးလို့ ထပ်မံဖြေကြားခဲ့ပါတယ်။
ပူတင်ဟာ မော်စကိုခန်းမမှာ ရုရှားနိုင်ငံက သတင်းထောက်တွေနဲ့ ပြည်သူတွေရဲ့ ပေါင်းစပ်မေးခွန်းတွေကို ဖြေကြားခဲ့တာဖြစ်ပါတယ်။
ရုရှားအစိုးရပိုင်ရုပ်သံက မေးခွန်းပေါင်း ၃ သန်းကျော်ရှိတယ်လို့ ကြေညာထားပါတယ်။
ပူတင်က ယူကရိန်းနိုင်ငံမှာ ရွေးကောက်ပွဲလုပ်ဖို့ တောင်းဆိုထားပြီး ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ဗုံးကြဲတိုက်ခိုက်တာမျိုးတွေ မလုပ်ဘူးလို့လည်း ပြောဆိုခဲ့ပါသေးတယ်။
Source: Reuters


