Home
နိုင်ငံတကာ
မက္ကဆီကို ရထားလမ်းချော်မှုကြောင့် လူ ၁၃ ဦး သေဆုံးပြီး ၉၈ ဦး ဒဏ်ရာရ 
DVB
·
December 29, 2025
Photo: REUTERS / MEXICAN NAVY HANDOUT / SOCIAL MEDIA WEBSITE

မက္ကဆီကိုမှာ မီးရထားလမ်းချော်လို့ လူ ၁၃  ယောက်ထက်မနည်း သေဆုံးပြီး ၉၈ ယောက် ဒဏ်ရာရရှိခဲ့ကာ ၅ ယောက် ဒဏ်ရာပြင်းထန်တယ်လို့ မက္ကဆီကိုသမ္မတ ရှိန်းဘောင်းက ဆိုရှယ်မီဒီယာ X မှာ ရေးသားထားပါတယ်။

ဒီဇင်ဘာ ၂၈ ရက်က ဝါဟာကာပြည်နယ်တောင်ပိုင်းမှာ လူ ၂၅၀ တင်ဆောင်လာတဲ့ မီးရထားတစင်း လမ်းချော်ခဲ့တာ ဖြစ်ပါတယ်။

ဒီရထားမှာ ဝန်ထမ်း ၉ ယောက် ပါဝင်ပြီး ခရီးသည် ၁၃၉ ယောက်ကတော့ အန္တရာယ်ကနေ လွတ်မြောက်ခဲ့ကာ ၉၈  ယောက် ဒဏ်ရာရရှခဲ့တယ်လို့လည်း  မက္ကဆီကို အာဏာပိုင်တွေက  ဆိုပါတယ်။

မီးရထားလမ်းချော်မှုမှာ သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံဖို့ အကြီးတန်း အရာရှိတွေကို စေလွှတ်ထားတယ်လို့ သမ္မတ ရှိန်းဘောင်းက ပြောပါတယ်။

မက္ကဆီကို ရှေ့နေချုပ်ရုံးကတော့ မီးရထားလမ်းချော်တဲ့ကိစ္စတဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဒီရထားလမ်းကို ၂၀၂၃ ခုနှစ်က သမ္မတဟောင်း လိုပတ်စ်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပစိဖတ်ဆိပ်ကမ်းနဲ့ မက္ကဆီကို ပင်လယ်ကွေ့တို့ကို ချိတ်ဆက်ထားတဲ့ မီးရထားလမ်း ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013