
မက္ကဆီကိုနိုင်ငံအလယ်ပိုင်း မက္ကဆီကိုပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ တိုလူကာမြို့မှာ ဒီဇင်ဘာ ၁၅ ရက်က ဆက်စ်နာစိုက်တေးရှင်းသရီးအမျိုးအစား ကိုယ်ပိုင်ဂျက်လေယာဉ်တစင်း ပျက်ကျခဲ့လို့ လူ ၆ ယောက် သေဆုံးခဲ့ကြောင်း မက္ကဆီအာဏာပိုင်တွေက ပြောပါတယ်။
ခရီးသည် ၈ ယောက်နဲ့ လေယာဉ်အမှုထမ်း ၂ ယောက်တို့ကို သယ်ဆောင်လာခဲ့တဲ့ လေယာဉ်ဟာ အကာပူလ်ကိုမြို့မှ တိုလူကာမြို့ကို ဦးတည်ထွက်ခွာလာချိန်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
လေယာဉ်ပျက်ကျမှုကြောင့် မီးလောင်ခဲ့ပြီးနောက်မှာ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းနဲ့ အပျက်အစီးတွေ ဖယ်ရှားရှင်းလင်းတဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေကြောင်း အတည်ပြုခဲ့ပါတယ်။
အများပြည်သူကို လေယာဉ်ပျက်ကျရာနေရာကို ရှောင်ရှားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပြီး မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။


