
အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီကို အဆိပ်အတောက်ဖြစ်စေတဲ့ မီးခိုးမြူတွေ ဒီဇင်ဘာ ၂၇ ရက်မှာ ထူထူထပ်ထပ် ဖုံးလွှမ်းထားပါတယ်။
မြို့ရဲ့ လေထုအရည်အသွေးညွှန်းကိန်းက စိုးရိမ်စရာအဆင့်ဆီ မြင့်တက်နေပြီး နေရာအတော်များများမှာ လေထုအရည်အသွေးက အလွန်ညံ့ဖျင်းနဲ့ ပြင်းထန်ဆိုတဲ့ အမျိုးအစားတွေထဲမှာ ရောက်နေတာပါ။
နယူးဒေလီရဲ့ လေထုအရည်အသွေးဟာ ညစ်ညမ်းမှုညွှန်းကိန်း AQI ၃၆၅ နဲ့ ပြင်းထန်ဆိုတဲ့ အမျိုးအစားအောက်မှာ ရှိနေတယ်လို့ အစိုးရပိုင် မိုးလေဝသခန့်မှန်းရေးအေဂျင်စီ SAFAR က ဆိုပါတယ်။
မြို့တော်မှာ မီးခိုးမြူထူထူထပ်ထပ် ဖုံးလွှမ်းနေလို့ မြင်နိုင်စွမ်းကို လျော့ကျစေပြီး ယာဉ်ကြောပိတ်ဆို့တာတွေ အမြန်ဖြစ်နေပါတယ်။
ဆောင်းရာသီမှာ အေးပြီး သိပ်သည်းတဲ့ လေတွေက ယာဉ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေနဲ့ မီးရှို့ထားတဲ့ ရိုးပြတ်တွေက ထုတ်လွှတ်တဲ့ အမှုန်တွေ၊ ဓာတ်ငွေ့တွေကို ပိတ်ဆို့ထားလို့ ဒေလီမြို့တော်နဲ့ ဆင်ခြေဖုံးဒေသတွေမှာ မီးခိုးမြူတွေ မကြာခဏ ဖုံးလွှမ်းလေ့ရှိပြီး လေထုညစ်ညမ်းမှု အဆင့်ကို ကမ္ဘာပေါ်မှာ အမြင့်ဆုံးအဆင့်ဆီ တွန်းပို့နေပါတယ်။
Source: Reuters


