Home
နိုင်ငံတကာ
ယူကရိန်းပိုင် ကူပျန့်စ်ခ်မြို့ကို ရုရှားထိန်းချုပ်
DVB
·
December 28, 2025
Photo: Paid Content from CHINA CENTRAL TELEVISION (CCTV),OTHER

ယူကရိန်းနိုင်ငံ ခါရ်ခိဗ်ဒေသက မဟာဗျူဟာကျတဲ့ ကူပျန့်စ်ခ်မြို့ဟာ ရုရှားအနောက်ပိုင်းတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။

ဒါ့အပြင် ရုရှားစစ်တပ်က ကူပျန့်စ်ခ်မြို့က အဆောက်အအုံတွေနဲ့ မြေအောက်ခန်းအမျိုးမျိုးမှာ ဝှက်ထားတဲ့ ယူကရိန်းတပ်တွေကို ရှင်းလင်းနေတယ်လို့လည်း နောက်ဆုံးရသတင်းမှာ ဖော်ပြထားပါတယ်။

ကူပျန့်စ်ခ်မြို့ဟာ ရုရှားစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီး ယူကရိန်းစစ်သား ၃,၅၀၀ လောက်ဟာ မြို့နားမှာ ရုရှားတပ်ဖွဲ့တွေရဲ့ ဝိုင်းရံတာကို ခံထားရတယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဒီဇင်ဘာ ၁၉ ရက် မြို့တော်မော်စကိုမှာ ကျင်းပတဲ့ နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ဖူးပါတယ်။

ဒီဇင်ဘာ ၁၂ ရက်မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ကူပျန့်စ်ခ်ရှေ့တန်းကို စစ်ဆေးခဲ့တယ်လို့ လူမှုမီဒီယာမှာ တင်ပြခဲ့ပါတယ်။

ကူပျန့်စ်ခ်မြို့ဟာ ခါရ်ခိဗ်ဒေသက ယူကရိန်းတပ်ဖွဲ့တွေအတွက် အဓိက ထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက်နဲ့ ကာကွယ်ရေးခံတပ်တရပ်လည်း ဖြစ်ပါတယ်။

ရုရှားဟာ အရင်က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကနေ စက်တင်ဘာလအထိ အဲဒီအချိန်က ဒေသရဲ့ အုပ်ချုပ်ရေးဗဟိုချက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မြို့ကို ထိန်းချုပ်ခဲ့ဖူးပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013