
ဂျပန်နိုင်ငံ၊ ဖူဂျီတောင်ပေါ်က ညကောင်းကင်ယံမှာ ဥက္ကာပျံတစီး ဖြတ်သန်းသွားချိန်ကို ဟီရာဆူကာ မြို့ပြတိုက်က CCTV ရုပ်သံမှတ်တမ်းတွေက ဒီဇင်ဘာ ၂၆ ရက်မှာ မှတ်တမ်းတင်ထားပါတယ်။
ရုပ်သံထဲမှာ ဖူဂျီတောင် နောက်ခံ မှာ ဥက္ကာပျံရဲ့ လောင်ကျွမ်းမှုကြောင့် မိုးတိမ်တွေ လင်းလက် နေတာကို မြင်ရပါတယ်။
ရုပ်သံဖိုင်ထဲက အဆောက် အအုံတွေ၊ ပြတင်းပေါက်တွေ၊ အမိုးတွေနဲ့ တောင်ရဲ့ ပုံစံတို့က ဂြိုဟ်တုပုံရိပ်တွေနဲ့ ကိုက်ညီနေလို့ တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။
လုံခြုံရေးကင်မရာ ရုပ်သံမှတ်တမ်းပေါ်က အချိန်တံဆိပ်နဲ့ မူရင်းဖိုင်ရဲ့ မက်တာဒေတာ တို့ကနေ ရက်စွဲကိုအတည်ပြုနိုင်ခဲ့ပါတယ်။
ကမ္ဘာ့လေထုထဲကို ဝင်ချိန်မှာ ပွတ်တိုက်အားကြောင့် လောင်ကျွမ်း သွားချိန်မှာ ဥက္ကာပျံအများစုက အဖြူရောင်အလင်းနဲ့ ပေါ်လာတတ်ပေမယ့် တချို့ကတော့ပါဝင် ဒြပ်စင်တွေပေါ် မူတည်ပြီး အစိမ်းရောင်၊ အဝါရောင်၊ အနီရောင် ဒါမှမဟုတ် အပြာရောင် အလင်းတန်းတွေနဲ့ တောက်ပနေနိုင် ပါတယ်။
Source:Reuters


