Home
သတင်းဓာတ်ပုံ
ရန်ကုန်၌ မဲလာပေးသူ အနည်းငယ်သာရှိ (ဓာတ်ပုံ) 
DVB
·
December 28, 2025
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB
Photo: DVB

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက် ဒီကနေ့မနက်က စတင်ကျင်းပနေတာမှာ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာ ပြည်သူတချို့ မဲလာပေးကြတာကို တွေ့ရပေမဲ့ ရန်ကုန်မြို့လယ်က မဲရုံတွေမှာတော့ မဲလာပေးသူ မရှိသလောက် နည်းပါးနေတာ မြင်တွေ့ရပါတယ်။

ဒီနေ့ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာ  ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ သန်လျင်နဲ့ အလုံမြို့နယ်တွေ ပါဝင်ပြီး ပြည်သူအများစုကတော့ မဲပေးဖို့ စိတ်ဝင်စားမှု မရှိတာကို တွေ့ရပါတယ်။

အဲဒီမြို့နယ်တွေထဲက မဲရုံတွေမှာ မနက် ၆ နာရီကတည်းက ပြည်သူတွေ မဲလာပေးတာ တွေ့ရပြီး ထူးခြားတဲ့အခြေအနေမျိုးတွေတော့ မတွေ့ရပါဘူး။

ရန်ကုန်မြို့လယ် ကျောက်က်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းပေါ်က ရပ်ကွက် ၁ မဲရုံအမှတ် ၁ မှာတော့ နိုင်ငံခြားသား သတင်းထောက်တချို့ စောင့်ကြည့်နေပြီး မဲပေးပွဲ ပြင်ဆင်ထားတာကို တွေ့မြင်ရပေမဲ့ ရပ်ကွက်မဲရုံတွေမှာတော့ မဲပေးသူ မရှိသလောက် ဖြစ်နေပါတယ်။

မဲပေးသူတချို့ရဲ့ ပြောကြားချက်အရ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီနဲ့ ၈၈ မျိုးဆက် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီတို့ အားကောင်းနေတယ်လို့ မဲ​​ပေးသူတချို့က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013