
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း သူရဦးအောင်ကို အပါအဝင် ၉ ယောက်ကို ပေးအပ်ထားတဲ့ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ပြန်လည်ရုပ်သိမ်းလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
သူရဦးအောင်ကို,ကို ၁၉၇၅ မှာ ချီးမြှင့်ခဲ့တဲ့ သူရဘွဲ့နဲ့ ၂၀၁၂ ခုနှစ်မှာ ချီးမြှင့်ခဲ့တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ တို့ကို ပြန်လည်ရုပ်သိမ်းလိုက်တာပါ။
တခြား ဂုဏ်ထူးဆောင်ဘွဲ့ ပြန်လည်ရုပ်သိမ်းခံရသူတွေထဲမှာ ဦးမြင့်နိုင်၊ ဗိုလ်ချုပ်ဇော်လွင်ဦး၊ ဗိုလ်ချုပ်ဝင်းလွင်၊ ဗိုလ်ချုပ်လှမြင့်စိုး၊ ဗိုလ်ချုပ်အောင်လင်းထွန်းတို့ ပါဝင်သလို စီးပွားရေးသမားတွေဖြစ်တဲ့ ဦးချစ်ခိုင်၊ ဦးခင်ရွှေနဲ့ ဦးသိမ်းဝေတို့ ပါဝင်ပါတယ်။
စစ်တပ်က သူတို့ဆီက ပြန်လည်ရုပ်သိမ်းလိုက်တဲ့ ဘွဲ့တံဆိပ်တွေဟာ ၁၉၅၇ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ အပ်နှင်းခဲ့တဲ့ သူရဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ စီမံထူးချွန်တံဆိပ်၊ ဇေယျကျော်ထင်ဘွဲ့၊ မြန်မာနိုင်ငံ စစ်မှုထမ်း သင်္ဂဟတံဆိပ်၊ စည်သူဘွဲ့၊ သီရိပျံချီဘွဲ့ စတဲ့ ဘွဲ့တံဆိပ်တွေ ပါဝင်ပါတယ်။


