
အာဏာသိမ်းစစ်တပ်က ဖိအားပေးကျင်းပဖို့ ပြင်ဆင်နေတဲ့ ၂၀၂၅ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ ကိန်းဂဏန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က အရပ် သားအုပ်ချုပ်ရေးဆီ ပြန်လည်ကူးပြောင်းမယ်လို့ ဆိုထားတဲ့ အထွေထွေရွေးကောက်ပွဲ ပထမပိုင်း မဲပေးမှုတွေကို အခုလာမဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ စတင်သွားတော့မှာ ဖြစ်ပါတယ်။
၄ ကြိမ် - လွန်ခဲ့တဲ့ ၃၅ နှစ်အတွင်း မြန်မာနိုင်ငံမှာ အမျိုးသားအဆင့် ရွေးကောက်ပွဲ ၄ ကြိမ် ကျင်းပခဲ့ပေမဲ့ ၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာသာ ရွေးကောက်ခံ အစိုးရတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကိုလည်း စစ်တပ်က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့သလိုပဲ နှစ်ပေါင်း ၂၀ အကြာမှာ လျစ်လျူရှုပြီး နောက်ဆုံးမှာ ပယ်ဖျက်ခဲ့တာကို တွေ့ရပါတယ်။
၄,၉၆၃ ဦး - အခုရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ မှတ်ပုံတင်ထားတဲ့ ကိုယ်စားလှယ်လောင်း အရေအတွက် ဖြစ်ပါတယ်။
၆ ပါတီ နှင့် ၅၁ ပါတီ - စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ တည်ဆဲ နိုင်ငံရေးပါတီစာရင်းအရ တနိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၆ ပါတီနဲ့ တိုင်း ဒေသကြီးနဲ့ ပြည်နယ်အဆင့်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၅၁ ပါတီ ရှိပါတယ်။
ပါတီပေါင်း ၄၀ - ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ဖို့ ပျက်ကွက်တာ ကြောင့် ဖျက်သိမ်းခံခဲ့ရတဲ့ နိုင်ငံရေးပါတီ အရေအတွက်ဖြစ်ကာ အဲဒီထဲမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းက ဖြုတ်ချအာဏာဖယ်ရှားခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီလည်း ပါဝင်ပါတယ်။
၁,၀၁၈ ဦး - ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း စုစုပေါင်းရဲ့ ၅ ပုံ ၁ ပုံနီးပါးက စစ် တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ဖြစ်နေပါတယ်။
၂ ကြိမ် - မဲပေးတာကို ပထမပိုင်းအဖြစ် ဒီဇင်ဘာ ၂၈ ရက်နဲ့ ဒုတိယပိုင်းဖြစ် ဇန်နဝါရီ ၁၁ ရက် တို့မှာ ပြုလုပ်ဖို့ သတ်မှတ်ထားပြီး နောက်ထပ်သီတင်းပတ်အနည်း ငယ်အကြာမှာ တတိယပိုင်းကို ထပ်မံပြုလုပ်ဖွယ် ရှိနေတာပါ။။
၂၀၂ မြို့နယ် - မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၃၃၀ ထဲက ၂၀၂ မြို့နယ်မှာသာ ရွေးကောက်ပွဲ ပထမပိုင်းနဲ့ ဒုတိယပိုင်း မဲပေးတာတွေကို ပြုလုပ်နိုင်မှာဖြစ်ပြီး ပြည်တွင်းစစ်မက် ပဋိပက္ခတွေ ပြင်းထန်နေတာကြောင့် ကျန်ရှိနေတဲ့ မြို့နယ်တွေမှာ ဘယ်လိုအချိန်မှာ ကျင်းပနိုင်မလဲ မသိရသေးသလို မဲရေတွက်တာတွေနဲ့ ရလဒ်ထုတ်ပြန်ပေးမဲ့ ရက်စွဲတွေကိုလည်း သတ်မှတ်ထားတာမျိုးလည်း မတွေ့ရသေးပါဘူး။
၆၆၄ နေရာ - လွှတ်တော်နှစ်ရပ်ပေါင်း ကိုယ်စားလှယ်နေရာ ၆၆၄ နေရာရှိပြီး ပြည်သူ့ လွှတ်တော် (အောက်လွှတ်တော်) မှာ နေရာ ၄၄၀ နဲ့ အမျိုးသားလွှတ်တော် (အထက် လွှတ်တော်) မှာ ၂၂၄ နေရာ ပါဝင်နေပါတယ်။
၂၅ ရာခိုင်နှုန်း - ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်နှစ်ရပ်စလုံးရဲ့ ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေအတွက် သတ်မှတ်ပေးထားပါတယ်။
ရက်ပေါင်း ၉၀ - ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်အသစ်ကို ခေါ် ယူရမှာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ဥက္ကဋ္ဌတွေကို ရွေးချယ်ပြီး နောက် နိုင်ငံတော်အကြီးအကဲအဖြစ် သမ္မတကို ရွေးချယ်ကာ အစိုးရအဖွဲ့ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။
Source: Reuters


