အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်က မြို့နယ်တွေနဲ့ ပလက်ဝမြို့နယ်တို့မှာ ခရစ္စမတ်ပွဲတော်ကို အကျဉ်းချုံး ကျင်းပခဲ့ကြတယ်လို့ ခရစ်ယာန် ဘာသာဝင်တွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ် စိုးရိမ်ရတာကြောင့် ဒေသအာဏာပိုင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေဟာ ခရစ္စမတ်ပွဲတော်ကို ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ ကျင်းပခဲ့ကြတာဖြစ်ပြီး ဒေသအာဏာပိုင်တွေဘက်ကလည်း ကူညီပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်က မြောက်ဦး၊ မင်းပြား၊ အမ်း၊ ကျောက်တော်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ခရစ်ယာန်ဘာသာဝင်တွေ အများဆုံးနေထိုင်ကြတာဖြစ်ပြီး ချင်းလူမျိုးတွေနဲ့ ရခိုင်မျိုးနွယ်စုဝင်တွေ ဖြစ်တဲ့ မြိုလူမျိုးတွေက အများဆုံး ကိုးကွယ်ကြတာ ဖြစ်ပါတယ်။
အာရက္ခတပ်တော်ကလည်း ကမ္ဘာတဝန်းလုံးနဲ့ မြန်မာနိုင်ငံ အပါအဝင် AA ထိန်းချုပ်ဒေသက ခရစ်ယာန်ဘာသာဝင်တွေအတွက် ဆုတောင်းမေတ္တာပေးပို့တဲ့ သဝဏ်လွှာကိုလည်း ထုတ်ပြန်ထားပါတယ်။
Photo: APM













